လက်ရှိ ပြည်တွင်း လက်နတ်ကိုင်သတ်ဖြတ်မှုတွေကတော့မကြာခနဆိုသလို ဖြစ်ပွားလေ့ရှိနေပြီး အဆိုပါ ဖြစ်ပွားမှုတွေထဲမှာ သေနတ်ပစ်ခတ်မှုကတော့ ရေပန်းစားလျှက်ရှိနေပြီပဲဖြစ်ပါတယ်။ လက်ရှိ သေနတ်ပစ်ခတ်သေဆုံးမှုကတော့ ရန်ကုန်- မန္တလေးနှင့် စစ်တွေမြို့တွင်လည်းဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။   

ဒီကနေ့ စက်တင်ဘာလ ၂၆ ရက်နေ့မှာလည်း အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်မှုကြောင့် ထပ်မံသေဆုံးခဲ့ရကြောင်း သိရပါတယ်။ အဆိုပါဖြစ်စဉ်ကတော့ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် သောင်ကြီးရဲစခန်းအပိုင် - အပြင်ပဒံကျေးရွာ ဆန်စက်လမ်းရှိ နေအိမ်ခြံဝြင်းအတွင်း ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဖြစ်စဉ်မှာ ဒီကနေ့ စက်တင်ဘာလ ၂၆ရက်နေ့ နေ့လည် ၁၁နာရီ ၃၀ မိနစ်ခန့်တွင် လူတစ်စုမှ ကားဖြင့်လာရောက်ကာ ခြံအဝင်းအတွင်းရှိ အိမ်ပေါ်တက်ရောက်၍ သေနတ်ဖြင့် ပြစ်ခတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။  

အဆိုပါ သေနတ်ပစ်ခတ်မှုသည် အသက် ၅၆ နှစ်အရွယ် ဝါးကြီး (ခ) ခင်မောင်လွင်ဆိုသူကို အမျိုးသားတစ်ဦးက သေနတ်ဖြင့် လာရောက်ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။ အခင်းဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ဆက်လက်စုံစမ်းရှာဖွေမှုတွေပြုလုပ်နေပြီး သက်ဆိုင်ရာတာဝန်ရှိသူများ လာရောက်စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရပါတယ်။ ပြည်တွင်း နေ့စဉ်ဖြစ်ပွားနေတဲ့ ဖြစ်စဉ်တွေထဲက အဆိုးဆုံးဖြစ်တဲ့ သေနတ်ပစ်ခတ်မှုကတော့ ပြည်တွင်းနေပြည်သူတွေကို ထိပ်လန့်ချောက်ခြားစေခဲ့တာတော့အမှန်ပဲဖြစ်ပါတယ်။

Photos - Tin Naing Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။