သရုပ်ဆောင် အေးမြတ်သူ ကို အိမ်ထောင်ရေးနဲ ့ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာတော့ “အမှန်အတိုင်းပြောရရင် အသက် ၃၀ မှာ အေးမြတ်သူ

အိမ်ထောင်ပြုချင်တယ် ဆိုတာ ဝန်ခံပါတယ်။ အသက် ၃၀ မှာ အိ်မ်ထောင်ပြုရမှာက မိန်းမတစ်ယောက်အတွက် အသင့်တော်ဆုံး အချိန်ပဲ။

ရင်သွေးရတနာယူဖို ့ အဲ့ဒီ ကလေးကို ပြုစုဖို ့အချိန်က ရှိသေးတယ်။ ဒါပေမယ့် အေးမြတ်သူ အိမ်ထောင်ပြုချင်ပေမယ့် အဆင့်သင့် မဖြစ်သေးဘူး။ ၃၅ နှစ်

မကျော်ခင်တော့ အိမ်ထောင်ပြုမယ် စဉ်းစားပါတယ်။ ၃၅ နှစ်ကျော်ရင်တော့ အပျိုကြီးဖြစ်ပြီ ” လို ့ပြောပါတယ်။

လက်ရှိချစ်သူကို မဖေါ်ပြသေးတဲ့အပေါ်မှာတော့ အေးမြတ်သူက “မနက်ဖြန်ဆိုတာ ဘာဖြစ်မယ် မသေချာတဲ့ လောကကြီးမှာ ဘယ်အရာကိုမှ မပြောရဲဘူး။

အေးမြတ်သူက နဂိုကတည်းကလည်း ကိုယ့်ရဲ ့အချစ်ရေးကို ပြောလေ့ပြောထလည်း မရှိခဲ့ဘူး။ အသက်ကလည်း ကြီးလာတော့ အချစ်အကြောင်းပြောရမှာ

နည်းနည်းတော့ရှက်တယ်။ ကလေးကလားဆန်တယ်ထင်လို ့မပြောဖြစ်တာပါ။ တစ်ဖက်သားကိုလည်းအားနာတယ်။ ကိုယ့်ကြောင့်တစ်ဖက်သားအနေကျပ်မှာ

လည်း စိုးတယ်။ အေးမြတ်သူတို ့တွေ ့ကြ ဆုံကြတာလည်း အနည်းငယ်ကြာပြီဆိုတော့ နှစ်ယောက်သားရဲ ့စိတ်နေသဘောထား သူ ့အနာဂတ်ရည်မှန်းချက်

ကိုယ့်အနာဂတ်ရည်မှန်းချက် ညှိကြတဲ့အခါ အေးမြတ်သူအပေါ် နားလည်မှု အပြည့်အဝပေးပါတယ်”လို ့ပြောပါတယ်။

ချစ်သူနဲ ့ရွှေလက်တွဲချင်တဲ့ အကြောင်းကိုတော့ ”အေးမြတ်သူက ပရိသတ်ကို ချစ်တယ်။

ခုလက်ရှိရပ်တည်နေတာ ပရိသတ်အားပေးမှုကြောင့် မိဘကို အလုပ်အကျွေးပြုနေနိုင်တာလေ။

ဒါပေမယ့် အေးမြတ်သူဘဝမှာ နောက်တစ်ဆစ်ချိုးကို ပြောင်းလဲချင်တယ်။

အေးမြတ်သူ အိမ်ထောင်ကျပြီးသွားရင် အိမ်ထောင်ဦးစီး ဦးဆောင်မှုနောက်မှာပဲနေမယ်။

ဘဝမှာ သူ ့အတွက်ကို ကိုယ်ကဖြည့်ဆည်းပေးတဲ့သူအဖြစ် နေချင်တယ်။

အေးမြတ်သူ ခုလက်ရှိမှာ မိဘအတွက်ရယ် ပရိသတ်ကြိုက်နှစ်သက်အောင်နေခဲ့တယ်။

နောင်တစ်ချိန်မှာ အေးမြတ်သူကို ပရိသတ်က မြင်ရင်လည်း သာယာကြည်နူးဖို ့ကောင်းတဲ ့မိသားစုဘဝလေး ပိုင်ဆိုင်ထားတာမျိုးမြင်စေချင်လို ့ကြိုးစားပြီး

အိမ်ထောင်ဦးစီးရဲ ့ဦးဆောင်မှုနောက်မှာပဲ နေပါမယ်” လို ့အေးမြတ်သူက အိမ်ထောင်ရေးအပေါ်ထားရှိမယ့်သဘောထားကို ပြောပြသွားခဲ့ပါတယ်။ 

Source: Local Celebrity News

Hnin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။