မကြာခနဖြစ်ပေါ်နေတဲ့ ယာဉ်တိုက်မှုတွေထဲမှာ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးပေါ်က သတင်းတွေကတော့ အများဆုံးဖြစ်တယ်ဆိုတာအားလုံးလည်း သိပြီးဖြစ်မယ်ထင်ပါတယ်။ ယာဉ်တိုက်မှုတွေထဲမှာ ဆိုးရွားတဲ့ယာဉ်တိုက်မှုများစွာရဲ့ အဓိကဖြစ်စဉ်တွေကတော့ စည်းကမ်းမဲ့မောင်းနှင်မှုတွေနဲ့ သဘာဝဘေးဒုက္ခတွေကြောင့် အဖြစ်များလေ့ရှိတာတွေ့ရပါတယ်။  

ဒီကနေ့ စက်တင်ဘာလ ၂၇ရက်နေ့မှာလည်း အမြန်လမ်းယာဉ်တိုက်မှုတွေတစ်ခုထပ်မံဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ယာဉ်တိုက်မှုကတော့ ဒီကနေ့နံနက်အစောပိုင်းလောက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများစွာရှိခဲ့ကြောင်း သိရပါတယ်။ 

ဖြစ်စဉ်မှာ စက်တင်ဘာလ(၂၇)ရက် နံနက် (၆ ၃၀)နာရီအချိန် ရန်ကုန် -နေပြည်တော်လမ်း အုတ်ရှစ်ကုန်း နယ်မြေ အတွင်း 7J/.... Hijet ယာဉ်အား လားရာတူလမ်းအတိုင်းမောင်းနှင်လာသော 6L/.... CRV ယာဉ်မှ အနောက်မှ ဝင်တိုက်မိရာ hijet ယာဉ် တိမ်းမှောက်ပြီး ယာဉ်ပေါ်ပါ ကျား ၁ ဦး မ ၉ ဦး ဒဏ်ရာများ ရရှိခဲ့သဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ အုတ်ရှစ်ကုန်းစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရပါတယ်။ မကြာခန ယာဉ်တိုက်မှုတွေဖြစ်ပေါ်တက်တဲ့ အဆိုပါ အမြန်လမ်းမကြီးအပေါ်သတိထားမောင်းနှင်ကြဖို့ ပြောကြားရင်း ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

Photos - အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။