MPTMyanmarNationalLeague2018ပြိုင်ပွဲကတော့အောင်မြင်စွာနဲ့ပြီးဆုံးသွားခဲ့ပါပြီ။ဒီနှစ်ပြိုင်ပွဲဟာလည်း

အကြိတ်အနယ်ရှိခဲ့ပြီးရန်ကုန်ယူနိုက်တက်အသင်းကပဲအမှတ်ပေးချန်ပီယံဆုဖလားကိုရရှိခဲ့တာဖြစ်ပါတယ်။

ရှမ်းယူနိုက်တက်အသင်းကဒုတိယနေရာရရှိခဲ့တာဖြစ်ပါတယ်။ရန်ကုန်ယူနိုက်တက်အသင်းက

ဒီပြိုင်ပွဲမှာအောင်မြင်မှုတွေရရှိခဲတာကြောင့်သမိုင်းတစ်လျောက်အအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။

မြန်မာနေရှင်နယ်လိဒ်ပြိုင်ပွဲပြီးဆုံးချိန်မှာအကောင်းဆုံးခြေစွမ်းပြတဲ့ကစားသမားတွေကို

ထိုင်းကလပ်အသင်းတွေကခေါ်ယူဖို့စိတ်ဝင်စားနေတာဖြစ်ပါတယ်။မနှစ်ကရာသီကတည်းက

ထိုင်းကလပ်တွေကိုမြန်မာအသင်းကစားသမားတွေပြောင်းရွေ့ကစားနေတာဖြစ်ပါတယ်။ခုမှာလည်း

ရန်ကုန်အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ဇော်မင်းထွန်းနဲ့မောင်မောင်လွင်တို့ကိုထိုင်းလိဂ်၁အသင်းတွေက

ခေါ်ယူနိုင်ဖို့အေးဂျင့်တွေနဲ့ချိတ်ဆက်နေတာဖြစ်ပါတယ်။

ဇွဲကပင်အသင်းရဲ့တိုက်စစ်မှူးဖြစ်တဲ့သန်းထက်အောင်ကိုလည်းထိုင်းလိဂ်-၁ကလပ်တွေဖြစ်တဲ့ချောင်ဘူရီအသင်းကခေါ်ယူဖို့စိတ်ဝင်စားနေတာဖြစ်ပါတယ်။ကစာသမားကိုယ်တိုင်ကလည်း

ပြည်ပထွက်ကစားချင်တယ်လို့ပြောထားပါတယ်။မြန်မာလက်ရွေးစင်ကစားသမားတွေဖြစ်တဲ့အောင်သူတို့

ကျော်ကိုကိုတို့ကလည်းထိုင်းလိဂ်ထိပ်သီးအသင်းတွေမှာကစားနေတာဖြစ်ပါတယ်.

အတွေ့ကြုံအသစ်တွေရရှိဖို့အတွက်ပြည်ပထွက်ကစားနေတဲ့မြန်မာကစားတွေနဲ့တူတူ

သန်းထိုက်အောင်၊ဇော်မင်းထွန်း၊မောင်မောင်လွင်တို့လည်းပြည်ပထွက်ကစားမလားဆိုတာတော့ပရိတ်သတ်တွေိစိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

Photo:Yangoon United

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။