ယနေ့ ၆နာရီမှာ ကစားခဲ့တဲ့ ဝက်စ်ဟမ်း-မန်ယူ ပွဲစဉ်မှာတော့ ဝက်စ်ဟမ်းအသင်းကအိမ်ကွင်းမှာ မန်ယူအသင်းကို ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ ပွဲချိန် ၅မိနစ်မှာတော့ ဇာဘလက်တာရဲ့ ဖန်တီးမှုက တစ်ဆင့် ဖီလစ်ပီအန်ဒါဆင်က အနီးကပ် ပိတ်သွင်းပြီး အဖွင့်ဂိုးကို စတင်ရယူခဲ့ပါတယ်။ ပွဲချိန် ၄၂ မိနစ်မှာတော့ ဝက်စ်ဟမ်းအသင်းက ဒုတိယ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ ပထမပိုင်းမှာတော့ ၂-ဝနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာတော့ ဝက်စ်ဟမ်းအသင်းက တတိယမြောက်သွင်းဂိုးကို မာ့ခ်နိုဘယ်လ်ရဲ့ ပေးပို့မှုက တစ်ဆင့် အာနာတော်ဗစ်က အပိုင်ကန်သွင်းနိုင်ခဲ့ပါတယ်။  မန်ယူအတွက်ချေပဂိုးကိုရက်ဖိုစ်က သွင်းယူပေးခဲ့ပြီး ပွဲပြီးချိန်မှာတော့ ၃-၁ ဆိုတဲ့ရလဒ်နဲ့ ထိုက်ထိုက်တန်တန် အနိုင်ရသွားခဲ့ပါတယ်။

အဆိုပါအရှုံးကြောင့်မန်ယူဟာ အဆင့်၈နေရာကိုရောက်ရှိသွားပြီးဆုဖလားတွေနဲ့ဝေးကွာသွားခဲ့ပါတယ်။ မန်ယူအနေနဲ့ ဆုဖလားတွေကိုမရယူနိုင်ဘဲ ထိုင်ပြီးသာကြည့်နေရမဲ့ နှစ်တစ်နှစ်ကို ပိုင်ဆိုင်ရအုံးမှာဖြစ်ပါတယ်။ မန်ယူနည်းပြမော်ရင်ဟိုအနေနဲ့ အသင်းကထွက်ခွာဖို့လဲ နီးစပ်နေပြီလို့ဆိုရမှာဖြစ်ပါတယ်။

source :  dailymail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။