ကမ္ဘာပေါ်မှာ အဝလွန်တဲ့သူတွေ ပိုများလာကြပါတယ်။အဝလွန်တဲ့သူတွေဟာ နောက်ဆက်တွဲရောဂါဖြစ်နိုင်ချေ တွေများလာကြပါတယ်။ ပြီးတော့ အဝလွန်တဲ့သူတွေဟာ ကိုယ်အလေးချိန်ကြောင့် အရိုးအဆစ်တွေဟာ ရောင်းရမ်းလာတတ်ကြပါတယ်။ ပြီးတော့ပိုပြီးလည်း နာကျင်လာတတ်ကြပါတယ်။ပိန်တဲ့သူတွေထက် အရိုးအဆစ်တွေဟာ ပိုနာကျင်ခံစားရတတ်ပါတယ်။

ပြီးတော့ အဝလွန်တဲ့သူတွေဟာ လက်ချောင်း ၊ဒူးဆစ်၊ အရိုးအဆစ်တွေမှာ ရှိတဲ့ အရိုးနုများဟာ ပါးသွားတတ် ပြီး အရိုးများဟာ ပွတ်တိုက်ပြီး နာကျင်မှုတွေဖြစ်ပေါ်ခံစားရတာဖြစ်ပါတယ်။နိုင်ငံတကားမှာတော့ အသက် (၂၅) နှစ်အထက်ရှိတဲ့ လူတွေဟာ ၁၄ ရာခိုင်နှုန်း လောက်အရိုးအဆစ်ရောင်ရမ်းနာတစ်မျိုးမျိုးခံစားကြရကြောင့် ဖော်ပြထားပါတယ်။ပုံမှန်အားဖြင့်အသက်(၄၅) နှစ်မှ အသက်(၇၉)နှစ် အထိအရိုးဆစ်ရောင်ရမ်းနာဖြစ် တတ် ကြပါတယ်။

ဒါကြောင့် အဝလွန်သူတွေမဖြစ်စေဖို့ အစားသောက်ကို ဆင်ခြင်စားသောက်ကြဖို့လိုပါတယ်။ အစားသောက် ကိုအချိန်မှန်နဲ့ နည်းနည်းချင်စီ စားပေးရင်အဆင်ပြေပါတယ်။လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးပါ။တစ်နေ့ကို တစ်နာရီ(သို့မဟုတ်) နာရီဝက်လမ်းလျှောက်ပေးပါ။အဆီအစိမ့်တွေကို လျော့ချပေးပါ။တစ်ချိန်လုံးထိုင်မနေဖို့ နဲ့ နာရီဝက်ထိုင်ပြီးရင် ၅ မိနစ်လောက်လမ်းထလျောက်ဖို့အကြံပေးချင်ပါတယ်။ 

Source:Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။