ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့က စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာရှ ၁၀ နိုင်ငံ ကရာတေး ဖိတ်ခေါ် ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ပထမဆု ရွှေတံဆိပ် (၄) ခု၊ ဒုတိယဆု ငွေတံဆိပ် (၂) ခုနဲ့ တတိယဆု ကြေးတံဆိပ် (၃) ခု စုစုပေါင်း (၉)ခု ရရှိခဲ့ပါတယ်။ဆုရခဲ့တဲ့ ရွှေ တံဆိပ်ဆုရှင်တွေထဲက ၂ ယောက်ကတော့ ကချင်ပြည်နယ်က ၁၅ နှစ်အရွယ် ဆိုင်းနူးဆိုတဲ့ မိန်းကလေးနဲ့ ၁၂ နှစ်အရွယ် ဂျာလ ဆိုတဲ့ ယောကျ်ားလေးပဲဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ ကေအိုင်အေ ကြားတိုက်ပွဲများကြောင့် မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာကနေ စစ်ဘေးရှောင်လာသူတွေဖြစ်ပါတယ်။ မဆိုင်းနူးကတော့ ရွှေစက် စစ်ရှောင်စခန်းမှာ နေထိုင်နေပြီး သူမ မိဘနှစ်ပါးလုံး ကွယ်လွန်သွားတာကြောင့် အဒေါ်ဖြစ်သူမိသားစုနဲ့ နေထိုင်နေတဲ့ နဝမတန်း ကျောင်းသူ တယောက် ဖြစ်ပါတယ်။ 

သူတို့နှစ်ယောက်ဟာ Kyokushin Karate ကို ၂၀၁၆ မေလမှာ စတင်သင်ကြားခဲ့ပြီး ၂၀၁၈ ဧပြီလမှာတော့ ကချင်ပြည်နယ်မှာ ကျင်းပတဲ့ ပထမအကြိမ်မြောက် ကချင်ပြည်နယ် Kyokushin Karate ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်လာကြသူတွေပါ။စင်္ကာပူပြိုင်ပွဲမှာလည်း ရွှေတံဆိပ်ဆု ရခဲ့တာကြောင့် ၂၀၁၉ ဧပြီလမှာ ဂျပန်နိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ကရာတေး ပြိုင်ပွဲအတွက် တပ်ကုန်း ကလပ်မှာ ဆရာနဲ့ အပြင်းအထန်လေ့ကျင့်နေကြပါတယ်။ 

SOURCE:BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။