ဟဲလေးရဲ့ "မှည့် " သီချင်းထဲမှာ သရုပ်ဆောင်ခဲ့တဲ့ မော်ဒယ်လ် နဲ့ အလှမယ် လေး ရွှေအိမ်စည်ဆိုရင် မသိသူ မရှိလောက်အောင်မသိသူ မရှိလောက်ဘူး ထင်ပါတယ်နော်။ Miss Grand Myanmar အဖြစ် ရွေးချယ်ခံ ခဲ့ရပြီး နောက် သူမကို အလှမယ်တစ်ယောက်ရဲ့ အရည်အချင်းနဲ့ ပြည့်စုံပြီး အရမ်းကို မျှော်လင့်အားထားရသလို ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာ ရရှိထားသော်လည်း အကြောင်းကြောင်းကြောင့် သရဖူ အသိမ်းခံရပြီးနောက် သူမကို အလှမယ် လောကကနေကနေ အနားယူလိုက်ပြီလား လို့ စိုးရိမ်ခဲ့ရပါသေးတယ်။

ဒီနှစ် 2018ခုနှစ်မှာတော့ သူမ အလှမယ်လောကကို တဖန်ပြန်လည် ဝင်ရောက်လာခဲ့ပြီး ပြန်လည် ယှဉ်ပြိုင်ခဲ့သလို မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုSupranational Myanmar 2018 winner အဖြစ် အလှသရဖူဆောင်းနိုင်ခဲ့ပြီး ဒီပွဲကို သူမအနေနဲ့ အကောင်းဆုံးပြန်လည် ယှဉ်ပြိုင်မှာ ဖြစ်ပါ့တယ်။ အသက်(၂၀) သာ ရှိသေးပေမဲ့လည်း ငယ်ရွယ်နုပျိုပြီး အရွယ်နဲ့ မလိုက်အောင် မိမိကိုယ်ကို ယုံကြည်မှု ရှိသလို၊စိတ်ဓာတ်ခိုင်မာလွန်းတာကြောင့်လဲ သူမ အနေနဲ့ ဒီလို အောင်မြင်မှုတဲ့ အလှမယ်တစ်ယောက်၊ မော်လ်ဒယ်လ် နေရာကို အရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။

ကိုယ်ခန္ဓာအချိုးအစားကို ပိုးမွေးသလို ဂရုစိုက်တတ်တဲ့ သူမကတော့ နိုင်ငံတကာရဲ့ အလှမယ် ပြိုင်ပွဲစင်မြင့်ထက်မှာ အကောင်းဆုံး ရင်ဘောင်တန်းနိုင်ဖို့ ကျန်းမာရေးလိုက်စားသလို နေ့စဉ်မှန်မှန် Gym ဆော့လေ့ရှိသူလည်း ဖြစ်ပါတယ်။ သူမရဲ့ ကိုယ်ခန္ဓာအချိုအစားတင်မက လှပလွန်းလတဲ့ သူမရဲ့ အပြုံးလေးတွေကို Nescafe ပွဲတစ်ခုမှာတွေ့ရတဲ့ နှစ်လိုဖွယ် တွေ့ရှိရတဲ့ ပုံလေးတချို့ နဲ့ ပရိသတ်တွေ အမောပြေအနေနဲ့ ဖော်ပြပေးရင်း သူမကတော့ ပြုံးလိုက်တိုင်း ကြယ်တွေ မြေခလောက်အောင်လှနေပါတော့တယ်။

source: Shwe Eain Si ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။