မြန်မာပြည်အတွင်း တစ်လတခါရွေးချယ်ပေးလေ့ရှိတဲ့ မြန်မာ့အောင်ဘာလေထီကိုတော့ ဆင်းရဲချမ်းသာမရွေး လူမျိုးပေါင်းစုံ ပါဝင်ကံစမ်းလေ့ရှိတာတွေ့ရပါတယ်။ အဆိုကံစမ်းသူတွေထဲမှာ သိန်းတစ်သောင်းကံထူးရှင်များနှင့်အတူ အခြားသူဌေးသူကြွယ်များကို ကံစမ်းရွေးချယ်ပေးလေ့ရှိတာတွေ့ရပါတယ်။ မနေ့က အောက်တိုဘာလတစ်ရက်နေ့မှာလည်း ၁၉ ကြိမ်မြောက်သိန်းတစ်သောင်း ကံထူးရှင်နှင့်အတူ အခြားသိန်းဆုကံထူးရှင်များကို ရွေးထုတ်ပေးခဲ့တာတွေ့ရပါတယ်။  

အဆိုပါ ၁၉ ကြိမ်မြောက် မြန်မာ့အောင်ဘာလေထီမှ အမြင့်ဆုံးဆုကြီးတွေဖြစ်တဲ့ သိန်းတစ်သောင်းဆုကို ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နေ့ မကေသီခိုင်က ဆုခူးခဲ့သည့်အပြင် သိန်းသုံးထောင်ကံထူးရှင်တစ်ဦးလည်းထွက်ပေါ်ခဲ့ပြန်ပါပြီ။ အဆိုပါ် သိန်းသုံးထောင်ကံထူးရှင်ကတော့ မြန်မာ့တပ်မတော်သားတစ်ဦးဖြစ်ကြောင်း သိရပါတယ်။  

တွေ ကိုစောင့်မျှော်ရင်း ပရိသတ်တွေလည်း ပြန်လည်ကြည့်ရှု့နိုင်ရန် ထီပေါက်စဉ်ပုံရိပ်လေးတွေကို မျှဝေပေးလိုက်တယ်နော်။ ပရိသတ်တွေလည်း လစဉ်ထွက်ပေါ်နေတဲ့ သိန်းဆုကံထူးရှင်တွေမှာ ပါဝင်နိုင်ရန်ဆုတောင်းပေးလိုက်ပါတယ်နော်။

Photos - ထီပေါက်စဉ် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။