ပရိသတ်တွေ ချစ်ခင်အားကျပြီး သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တွေထဲမှာ မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကလည်း တစ်ဦးအပါအဝင်ပါပဲ.. ။

သူမကို ချစ်တဲ့ခင်ပွန်းနဲ့အတူ ချစ်စရာကောင်းတဲ့ သားသားလေးကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ တကယ်ကို ကံကောင်းတဲ့ အိမ်ထောင်ရှင် မင်းသမီးချောလေးဘဲ ဖြစ်ပါတယ် ။

သူမဟာ အောက်တိုဘာလ ၂ရက်နေ့က မိသားစု နဲ့ စုံစုံလင်လင်တွေ့စုံခဲ့ကြပါတယ် ။

အကြောင်းကတော့ အောက်တိုဘာလ ၂ရက်နေ့ဟာ သူမရဲ့ချစ်ညီမလေး မွေးနေ့ဘဲ ဖြစ်ပြီး သူမ ဟာ ညီမလေး မွေးနေ့မှာ မိသားစု စုံစုံလင်လင်တွေ့ဆုံပြီး ညစာစားခဲ့တာပါ ။ ညီအစ်မ နှစ်ယောက် ဂါဝန်ဆင်တူလေး ဝတ်ထားတာ အမြွှာညီအမလေးတွေလားလို့တောင် ထင်မှတ်ရပါတယ်ပရိသတ်ကြီးရေ .. ။ ကြည်နူးစရာကောင်းတဲ့ သူမတို့ညီမ နှစ်ယောက်နဲ့ မိသားစု ပုံရိပ်တွေကတော့ တကယ့် ကို ချစ်စရာကောင်းတဲ့ မိသားစုလေး ဆိုတာကို သိသာထင်ရှားစေပါတယ်နော် ။

အနုပညာလောကမှာလည်း အောင်မြင်နေတဲ့အပြင် အိမ်ထောင်ရေးမှာပါ သာယာပျော် ရွှင် နေတဲ့သူမကတော့ တကယ်ကို အားကျစရာပါဘဲ နော် ။ သဉ္ဇာကိုချစ်တဲ့ ချစ်ပ ရိ သတ် တွေအတွက်သူမရဲ့ ချစ်စဖွယ် ညီမလေးနဲ့အတူ ရိုက်ကူးထားတဲ့ မိသားစုပုံရိ ပ် တွေကို တစ်ဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Thinzar New Win

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။