ပန်းဝတ်ရည်ကို မည်သည့် နေရာတွင်ရှိကြောင်း ထောက်လှမ်းနိုင်သည့် ပျားများကို ပေါက်ကွဲပစ္စည်းများတွင်ပါရှိသည့် သကြား နံ့နှင့်အတူ မြေမြုပ်မိုင်းများကို ရှာဖွေရန် လေ့ကျင့်ပေးထားခဲ့ကြပါတယ်။ လေ့ကျင့်ပေးထားသည့် ပျားများသည် TNT ယမ်းနံ့ကို ၄ ဒသမ ၅ ကိလိုမီတာ(၂ ဒသမ ၈ မိုင်) အကွာအဝေးမှ အာရုံခံနိုင်စွမ်းရှိပြီး အပူငွေ့သုံး ကင်မရာများသည် ပျားများ၏ လှုပ်ရှားမှုကို ခြေရာခံနိုင်ပါတယ်။

သုတေသန ပြုလုပ်ချက်များအရ ပျားများကို မိုင်းများရှင်းထားသည့် ကွင်းများတွင် မိုင်းများကျန်ရှိနေသေးခြင်းရှိ မရှိ သိရှိနိုင်ရန် အသုံးပြုနိုင်မည်ဟု မျှော်လင့်ထားကြပါတယ်။ ပျားများကို မိုင်းရှာခိုင်းခြင်းသည် ခွေးများ၊ကြွက်များကို ရှာခိုင်းခြင်းထက် ကုန်ကျစရိတ်သက်သာကာ လေ့ကျင့်ပေးထားသည့် ပျားများသည် အခြားပျားများကို သဘာ၀ အလျောက် ဆင့်ပွား သင်ပေးကြကြောင်းကို အံ့သြဖွယ်တွေ့ရှိရပါတယ်။ 

ပျားများ၏ ဦးမှင်များသည် ဓာတုပစ္စည်းများအငွေ့ပျံမှုကို ထောက်လှမ်းနိုင်ကြပြီး ပျားများသည် မြေမြှုပ်မိုင်း များကို ရှာဖွေနိုင်သည့် အသေးငယ် ဆုံး သတ္တဝါများအဖြစ် ဂင်းနစ် မှတ်တမ်းဝင်ခဲ့သည်။ယခုအခချိန်အထိတော့ ပျားများဖြင့် မိုင်းရှာခြင်း အစီအစဉ်ဟာ စမ်းသပ်ဆဲ အဆင့်သာရှိပြီး လက်တွေ့တွင် အပြည့်အဝအသုံးမချနိုင်သေးကြောင်းလည်း သိရပါတယ်။  

Source : Thutaswalzone Magazine 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။