နိုင်ငံတကာအသိမှတ်ပြု လွတ်လပ်ရေးဖခင်ကြီးတစ်ယောက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံဖွား မဟတ္တမဂန္ဓီရဲ့ အကြောင်းကိုတော့ ပရိသတ်အားလုံးကြားသိဖူးမယ်ထင်ပါတယ်။ 

ပညာရှိပီသသူတစ်ယောက်ဖြစ်ပြီး လွတ်လပ်ရေးကို လက်နက်မပါ တိုက်ပွဲစဉ်ခဲ့သူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။  

မနေ့ အောက်တိုဘာလ ၂ရက်နေ့ကတော့ မဟတ္တမဂန္ဓီ နှစ်(၁၅၀) ပြည့် မွေးနေ့အခမ်းအနားပဲဖြစ်ပါတယ်။ အဆိုပါ အခမ်းအနားကို အိန္ဒိယနိုင်ငံတွင်သာမက ပြည်တွင်း ရန်ကုန်တိုင်းဒေသကြီးတွင်လည်း ပြုလုပ်ပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အခမ်းအနားကို အောက်တိုဘာလ ၂ ရက်နေ့ မနေ့က ရန်ကုန်တိုင်းဒေသကြီး ဆူလေရှန်ဂရီလာဟိုတယ်မှာ အိန္ဒိယသံရုံးက ဦးစီးကျင်းပခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ အခမ်းအနားကို ဗုဒ္ဓဘာသာနာမည်ဘုန်းတော်ကြီးတပါးဖြစ်တဲ့ သီတဂူဆရာတော်ကိုယ်တိုင် တက်ရောက်အောဝါဒစကား မိန့်ကြားခဲ့ပြီး အစီအစဉ်အသီးသီးဖြစ် ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ သမိုင်းဝင် ပညာရှင်တစ်ခုဖြစ်ပြီး လက်ရှိအထိကမ္ဘာကအသိမှတ်ပြု လေးစားခြင်းခံထားရသူတစ်ဦးလည်းဖြစ်ပါတယ်။

Photos - BBC b

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။