ကမ္ဘာကျော် တရုတ်မင်းသမီးချော ဖန်ပင်းပင်းဟာ ပရိတ်သတ်တွေရှေ ့ကပျောက်ဆုံးနေခဲ့တာ ကာလအတန်ကြာပြီဖြစ်ပါတယ် ။ အနုပညာနယ်ပယ်မှာ အောက်ခြေကစတင်ဝင်ရောက်လာခဲ့တဲ့ သူမရဲ့ အောင်မြင်မှုဟာ ဟောလိ၀ုဒ်ထိတောင် လျှမ်းလျှမ်းတောက်ခဲ့ပြီး အနုပညာကို အမှီပြုတဲ့ စီးပွားရေးလုပ်ငန်းတွေပါ ပိုင်ဆိုင်လာကာ သူမရဲ့ ချမ်းသာကြွယ်ဝမှုကလည်း ကြီးထွားလာခဲ့ပါတယ် ။ 

သို့ပေမယ့် သူမနိုင်ငံကို ပေးဆောင်ရမယ့်အခွန်တွေ ရှောင်ထားတဲ့အကြောင်းကို ရုတ်တရတ် စစ်ဆေးပေါ်ပေါက်လာချိန်မှာတော့ သူမရဲ့ ဘဝကလည်း ဇောတ်ထိုးမှောက်ခုံ ပြောင်းလဲသွားပါတော့တယ် ။ သူမပေးဆောင်ရမယ့် အခွန်တန်ဖိုးတွေကလည်း ကြောက်ခမန်းလိလိပါပဲ ။ ယွမ် မီလီယံပေါင်း ရာနဲ့ချီပါ ။ ဒီကိစ္စ ပေါ်ပေါက်ပြီးနောက်မှာ ရှိသမျှ အလုပ်တွေကိုရပ်ဆိုင်းပြီး တိမ်းရှောင်သွားတဲ့သူမက ပျောက်ဆုံးသွားခဲ့ကာ အချိန်အတေ်ာကြာအောင် ဘယ်နေရာမှာရောက်နေသလဲ မသိဖြစ်ခဲ့ရပါတယ် ။ လအနည်းငယ်ကြာပြီးနောက်မှာတော့ မင်းသမီးက လူထုရှေ ့ကို တောင်းပန်စာတစ်စောင်နဲ့ အတူ ပြန်လည်ရောက်ရှိလာခဲ့ပါတယ် ။

သူမရဲ့ အခွန်ရှောင်မှုအတွက် နိုင်ငံနဲ့ သူမရဲ့ ပရိတ်သတ်တွေကို အနူးအညွတ်တောင်းပန်ခဲ့ပြီး သူမရဲ့ မှားယွင်းတဲ့လုပ်ဆောင်ခဲ့မှုအတွက်လည်း အလွန်ရှက်မိပါတယ်လို့ သူမက ဆိုခဲ့ပါတယ် ။ လက်ရှိမှာတော့ ဖန်ပင်းပင်းက သူမပေးရန်ကျန်ရှိတဲ့ အခွန်ငွေတွေအပြင် ဒဏ်ကြေးကိုပါ ထပ်ပေါင်းပေးဆောင်ရမှာဖြစ်ပြီး စုစုပေါင်း 880 million Yuan ($128,535,851 USD) မြန်မာငွေ သန်းပေါင်း ၂၀၀၀ ကျော်ခန့် ကျသင့်မှာဖြစ်လို့ ဖန်ပင်းပင်းအတွက် ပြင်းထန်စွာထိခိုက်မှုတစ်ခုဖြစ်လာတော့မှာပါပဲ ။ 

သတင်းအရင်းမြစ် koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။