ပြည်တွင်း တောရိုင်းတရစ္ဆာန်သတ်ဖြတ်မှုတွေကို မြန်မာ့အစိုးရနှင့် သစ်တောဦးစီးဌာနက ပိတ်ဆို့ထားပြီး ကြီးလေးတဲ့အပြစ်ဒဏ်တွေချမှတ်လေ့ရှိတာတွေ့ရပါတယ်။ 

အဆိုပါ တောရိုင်းတိရစ္ဆာန်သတ်ဖြတ်မှုတွေထဲမှာ ဆင်တွေကတော့အဓိကတားမြစ်ထားတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။  

အောက်တိုဘာလ ၄ ရက်နေ့ ဒီကနေ့ နံနက်ပိုင်းတွင် အစိုးရက ဖမ်းဆီးရမိခဲ့တဲ့ ဆင်စွယ်၊ဆင်အစိတ်အပိုင်းနဲ့ တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းတွေကို နေပြည်တော်ရှိ သစ်တောဦးစီးဌာနမှာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ မီးရှို့ဖျက်ဆီးတဲ့ အရာတွေထဲမှာ ဆင်စွယ်(၂၇၇)ချောင်း၊ဆင်အရိုးနှင့်တိရိစ္ဆာန်အရိုးမျိုးစုံ(၂၂၇)ချောင်း၊တိရိစ္ဆာန်သားရေမျိုးစုံ(၄၅)ချပ်၊တိရိစ္ဆာန်ဦးချိုမျိုးစုံ(၁၅၄၄)ချောင်းသင်းခွေချပ်အကြေးခွံ(၄၅.၅)ကီလိုဂရမ်နှင့်အခြားတောရိုင်းတိရိစ္ဆာန်အစိတ်အပိုင်းမျိုးစုံ(၁၂၈)ခုစုစုပေါင်းအလေးချိန် (၈၄၉.၂၆)ကီလိုဂရမ်ရှိပြီး တန်ဖိုးအားဖြင့် ခန့်မှန်းချေ အမေရိကန်ဒေါ်လာ(၁.၃)သန်းခန့် ရှိတယ်လို့ သိရပါတယ်။ 

မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားသို့ပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း၊ ပြည်ထောင်စုရှေ့နေချုပ်ဦးထွန်းထွန်းဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌဦးအောင်ကြည်၊ နေပြည်တော်ကောင်စီဥက္ကဌဒေါက်တာမျိုးအောင်နှင့်ပြည်ထောင်စုလွှတ်တော်နှင့်အမျိုးသားလွှတ်တော်တို့မှဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြကြောင်းသိရပါတယ်။ အဖိုးတန် ဆင်စွယ်တွေနဲ့အတူ အခြားသောဖမ်းဆီးရမိခဲ့တဲ့ တရားမဝင် တောရှိုင်းတိရစ္ဆာန် အစိတ်အပိုင်းတွေကို ပြည်တွင်း ပြည်ပ ရောင်းဝယ်မှုတွေကို အဓိကတိုက်ဖျတ်မှုတွေပြုလုပ်နေပြီး ပြင်းထန်တဲ့ ဥပဒေတွေနဲ့ အပြစ်ဒဏ်ချမှတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

pHOTOS - KUMUDRA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။