ပြည်တွင်းမိုးရွာသွန်းမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင်အခြားမြို့ကြီးများစွာမှာလည်း ရေကြီးမှုတွေခံစားနေကြရတာတွေ့ရပါတယ်။ အဆိုပါရေကြီးမှုတွေကတော့ သဘာဝမိုးရွာသွန်းမှုကြောင့်အပြင် အခြားဘေးဒုက္ခတွေကြောင့်လည်း နစ်မြှပ်ခဲ့ကြတာတွေ့ရပါတယ်။ သဘာဝမိုးရွာသွန်းမှုကြောင့် နစ်မြှပ်ခဲ့တဲ့ဒေသတွေထဲမှာ ကယားပြည်နယ်လည်း ပါဝင်ခဲ့တာတွေ့ရပါတယ်။  

မနေ့က အောက်တိုဘာလ ၃ ရက်နေ့တွင်လည်း ပြည်တွင်းဒေသများစွာတွင် မိုးရွာသွန်းမှုပြင်းထန်ခဲ့ကြောင်းသိရပါတယ်။ 

အဆိုပါ မိုးရွာသွန်းမှုကြောင့် အောင်ပန်းမြို့တွင် ရေကြီးမှုအချို့ဖြစ်ပေါ်ခဲ့ပြီး သွားလာရေးခတ်ခဲမှုများရှိခဲ့ကြောင်း သိရပါတယ်။  

မိုးရွာသွန်းမှုကြမ်းတမ်းသောကြောင့် မြစ်ရေအတက်ကြမ်းကာ ကားလမ်းမများပေါ်တွင် ရေနစ်မြုပ်ခဲ့ကြောင်းသိရပါတယ်။ ရေကြီးမှုကြောင့် လမ်းပန်းဆက်သွယ်ရေးနှင့် သွားလာရေးခတ်ခဲ ခဲ့တဲ့ မနေ့က အောင်ပန်းဒေသပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - မာံသုခ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။