ပရိသတ်ကြီးကို ဒီတစ်ခါ ဖော်ပြပေးချင်တာကတော့ ကမ္ဘာပေါ်မှာရှိတဲ့ ထူးထူးခြားခြား စားသောက်တွေထဲမှာအမှ တမျိုးတမည် ဆန်းပြားတဲ့ စားသောက်ဆိုင်လေးတစ်ဆိုင်အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ဒီစားသောက်ဆိုင်လေးကတော့ အမေရိကန်ပြည်ထောင်စု မက်ဆာ ချူးဆက်ပြည်နယ်နှင့် ကွန်နက်တီကက်ပြည်နယ်ဆိုသည့် ပြည်နယ်နှစ်ခုကြားမှာရှိတဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်။ ဒီဆိုင်လေးရဲ့ ထူးခြားတဲ့အချက်ကတော့ စာအုပ်ပေါင်းမြောက်များစွာရှိပြီး  

စာအုပ်ပေါင်း ၁၀၀၀ ကနေ ၂၀၀၀အထိ တစ်ပတ်ကို လက်ဆောင်ပေးတယ်လို့သိရပါတယ်။ စာအုပ်အမျိုးအစားတွေကတော့ စာ အုပ်မှာ ကလေးဖတ်၊ လူကြီးဖတ် အမျိုး အစား စုံလင်လှပြီး မူလပိုင်ရှင်ဖြစ်သူ မှာ စာဖတ်ဝါသနာအလွန်ကြီးသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီဆိုင်လေးကို ၁၉၀၀ခုနှစ်လောက်ကတည်းက တည်ထောင်ခဲ့ပြီး ဆိုင်ရှင်ဖြစ်သူက သူ့ရဲ့ အိမ်ကစာအုပ်ပုံ စာအုပ်ပုံကြီး စာအုပ်လျော့လာစေ ရန်ဟုဆိုကာ ဆိုင်သို့ စာအုပ်များ ယူလာခဲ့တာက စလာတာပဲ ဖြစ်ပါတယ်။

အခုချိန်အထိလည်း စားသုံးသူတွေဟာ စား သောက်ပြီးပြီဆိုသည်နှင့် စာအုပ်စင်များ နားသွားပြီး မိမိကြိုက်ရာစာအုပ်ကိုရွေးပြီး ယူကြနေတုန်းပါပဲ။ ။ ၁၉၉၃ ခုနှစ်တွင် ဆိုင် ရှင်ပြောင်းသွားသည့်အခါမှာတော့ ဒေသခံ စာ ကြည့်တိုက်များနှင့် စာအုပ်အလှူရှင် များက အဆိုပါဆိုင်အတွက် စာအုပ်များ လှူဒါန်းကြပီး ယခုအခါ လူတစ်ဦး လျှင် စာအုပ်သုံးအုပ်အထိယူသွားနိုင်ပြီ ပဲ ဖြစ်ပါတယ်။ 

Source : Naykhayan 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။