ယမန်နေ့ညက ဆောက် သမ် တန် ကို အနိုင် ရပြီး လိဂ် ဖလား မှာ ဗိုလ် စွဲခဲ့တဲ့နောက် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဓိက ဆုဖလားပေါင်း ၄၂ လုံးကို ဆွတ် ခူးနိုင် ခဲ့ပြီဖြစ် ကာ လီဗာပူး အသင်းထက်် ဖလားတစ် လုံးပိုသွားခဲ့ပြီဖြစ် ပါတယ် ။

တစ် ကြိမ် သာ ကစားပြီး ဆုဖလားပေးတဲ့ ကွန်မြူနတီဖလား နဲ့ ဥရောပစူပါဖလားတွေကို အဓိကဖလားလို့ မသတ် မှတ် တာကြောင့် ယမန်နေ့ညက လိဂ် ဖလားဟာ ယခုနှစ် ရာသီမှာ ယူနိုက်တက် တို့ ဆွတ်် ခူးခဲ့တဲ့ ပထမဆုံး အဓိကဖလားဖြစ် ခဲ့ပါတယ် ။ အဆိုပါ ဖလားဟာ ယူနိုက်တက် သမိုင်းကြောင်းတစ် လျောက် ဆွတ် ခူးခဲ့တဲ့ ၄၂ ကြိမ် မြောက် အဓိက ဆုဖလားဖြစ် ခဲ့ပြီး လီဗာပူး အသင်းရဲ့ ၄၁ ကြိမ် ကို ကျော် တက် ကာ အင်္ဂလန် ရဲ့အ အောင်မြင် ဆုံး အသင်းအဖြစ် ရပ် တည် သွားနိုင် ခဲ့ပြီဖြစ် ပါတယ် ။

မန်ချက်စတာယူနိုက်တက် နဲ့ လီဗာပူး တို့ပြီးရင် တော့ အာဆင် နယ် အသင်းက အဓိက ဆုဖလားပေါင်း ၂၉ ခု နဲ့ တတိယအများဆုံးအသင်းအဖြစ် ရပ် တည် နေပါတယ် ။

မန်ချက်စတာယူနိုက်တက် အသင်း၏ အဓိက ဆုဖလားများ -

အမှတ်ပေးချန်ပီယံ - ၂၀ ကြိမ် ( ပရီးမီးယားလိဂ် ၁၃ + အင်္ဂလိပ် ပထမတန်းလိဂ် ရ )

FA Cup - ၁၂ ကြိမ်

လိဂ် ဖလား - ၅ ကြိမ်

ချန်ပီယံလိဂ် - ၃ ကြိမ်

Cup Winners’ Cup - ၁ ကြိမ်

ကမ္ဘာ့ကလပ် ဖလား ချန်ပီယံ - ၁ ကြိမ်

လီဗာပူး အသင်း၏ အဓိက ဆုဖလားများ

အမှတ်ပေးချန်ပီယံ - ၁၈ ကြိမ် ( အင်္ဂလိဂ် ပထမတန်းလိဂ် ၁၈ ကြိမ် )

FA Cup - ရ ကြိမ်

လိဂ် ဖလား - ၈ ကြိမ်

ချန်ပီယံလိဂ် - ၅ ကြိမ်

UEFA Cup ( ယူရိုပါလိဂ် ) - ၃ ကြိမ်

Ref : Daily Mail /wiki

Photo : AP / Getty Images

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။