အရေပြားယားယံတယ်ဆိုတာ သွေးသားနဲ့သက်ဆိုင်သလို မိတ်ဖုထွက်လို့ ယားခြင်း၊ အကောင်ကိုက်ပြီး ယားခြင်း ၊စတဲ့လက္ခဏာရပ်တွေအပြင် အ၇ပ်စကားအရ လာဘ်ကောင်းတဲ့ နိမိတ်လို့လည်း ပြောကြပါတယ်။ ယားယံခြင်းမှာ လက်ဖဝါးယားခြင်း၊ ခြေဖဝါးယားခြင်း၊လက်မောင်းယားခြင်း၊ ပေါင်းခြမ်းယားခြင်း တိုဖြစ်ပေါ် ခံစားရတတ်ပါတယ်။ကိုယ့်အသားရည်နဲ့ ဓာတ်မတည့်ရင်လည်း ယားတတ်တာကြောင့် အရမ်းကြီးစိုးရိမ်း စရာမလိုပေမဲ့ သွေးသားကြောင့်ယားတယ်ဆိုရင်တော့ ပြသာနာကိုအဖြေရှာရမှာဖြစ်ပါတယ်။

အခြေခံအားခြင့်၊ ဓာတုပစ္စည်းတွေနဲ့ မတည့်ကြတာများပါတယ်။ပိုးသတ်ဆေးတို့၊ ဖုန်စတဲ့ ဘက်တီးရီးယား ပေါက်ပွားတတ်တဲ့ အရာတွေနဲ့ ဓာတ်မတည့်တဲ့အခါလည်း ကိုင်မိထိမိရင် ယားယံတတ်ပါတယ်။နောက်တစ် နည်းကတော့ ဆီးချိုဖြစ်တဲ့အခါ သကြားဓာတ်ပမာဏမြင့်တက်ရင်လည်း အရေပြားယားယံလာ တတ်ပါတယ်။ အရေပြားပေါ်မှာ ရေကြည်ဖုလေးတွေ ပေါက်လာပြီး ယားလာခြင်း၊ ရေယုန် ကဲ့သို့ အဖုတွေထ လာခြင်း၊အနီ ကွက်တွေဖြစ် ပေါ်လာတယ်ဆိုရင်ဆရာဝန်နဲ့ပြသပေးပါ။

တစ်ကိုယ်ရေးသန့်ရှင်းရေးက အရေးကြီးပါတယ်။ ရေဓာတ်ပြည့်ဝအောင် ရေများများသောက်ပေးပါ။ရေဓာတ် ခြမ်းခြောက်ပြီး အသားခြောက်ကာ ဒီလိုရောဂါမျိုးတွေခံစားရတာလည်း ဖြစ်တတ်ပါတယ်။လက်ကို ဆပ်ပြာနဲ့ ဆေးပါ။ ညစ်ပတ်တဲ့အရာ(သို့မဟုတ်) ဓာတုပစ္စည်းနဲ့ပတ်သက်တဲ့ အရာတွေကို ကိုင်တွယ်အသုံးပြုတော့ မယ်ဆိုရင် လက်အိတ် ကိုအသုံးပြုပါ။ မဟုတ်ရင် လက်ကို ဆပ်ပြာဖြင့်ဆေးကြောပါ။ 

Source: Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။