ပါးပြင်မှာ သနပ်ခါးလေးနဲ့ ချစ်စရာကောင်းနေတဲ့ ပျိုမေတွေအတွက် သနပ်ခါးကို သုံးစွဲခြင်းက လှပပြီး မြန်မာဆန်တဲ့ အပြင် အံ့သြစရာကောင်းတဲ့ ကျန်းမာရေး ကောင်းကျိုးများလည်း ရှိနေပါတယ်။ ရေချိုးပြီး သနပ်ခါးအေးအေးလေးလူးလိုက်တာက ပင်ပန်းမှုတွေကိုပြေလျော့စေတဲ့ အပြင် သဘာဝအတိုင်း တစ်ကိုယ်လုံး မွှေးကြိုင်နေလို့ တကယ့်ကို စိတ်ကျေနပ်စရာ တစ်ခုပဲ ဖြစ်ပါတယ်။ ဒ့ါကြောင့် မြန်မာလူမျိုးတွေ နှစ်ခြိုက်စွာ သုံးစွဲလေ့ ရှိတဲ့ မြန်မာ့ သနပ်ခါးက အလှအပအတွက်ရော ကျန်းမာရေးအတွက်ပါ ဘယ်လိုတွေ အသုံးဝင်လဲ ဆိုတာကို ဖော်ပြပေးမှာပဲ ဖြစ်ပါတယ်။

သနပ်ခါးနှင့် အလှအပဆိုင်ရာ ကောင်းကျိုးများ

- နွေရာသီလို ပူပြင်းတဲ့ အချိန်မျိုးမှာ အသားအရေကို အေးမြစေတယ်

- နေလောင်တာတွေကို အထိရောက်ဆုံး ကာကွယ်ပေးတယ်

- အပုဖု၊ မိတ်ဖုတွေကို ပျောက်ကင်း သက်သာစေတယ်

- ခန္ဓာကိုယ် အရေပြား အစိုဓာတ်ကိုလည်း ထိန်းသိမ်းပေးတယ်

- ရောင်ရမ်းမှုကို လျော့ကျစေတယ်

- အသားအရေကို နုပျိုစေတယ်

- ဝက်ခြံနှင့် အရေပြား ပြသနာတွေမှလည်း ကာကွယ်ပေးတယ်

- အမာရွတ်တွေကိုလည်း ပျောက်ကင်း သက်သာစေတယ်

- အရေပြား ယားယံခြင်းကိုလည်း ကင်းဝေးစေတယ်။

ဒါ့ကြောင့် သနပ်ခါးကို အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေထဲမှာ ထည့်သွင်းအသုံးပြုလေ့ ရှိကြပါတယ်။

သနပ်ခါးနှင့် ကျန်းမာရေး ကောင်းကျိုးများ

သနပ်ခါးက အရွက်ကနေစလို့ အမြစ်အထိအသုံးတည့်တဲ့ အပင်တစ်မျိုးပါ။

- သနပ်ခါးအရွက်နဲ့အပွေးမှာ ကင်ဆာကာကွယ်နိုင်တဲ့ အာနိသင်တွေပိုင်ဆိုင်ထားပါတယ်။

- သနပ်ခါး အမြစ်ကလည်း အော့အန်တာ၊ ဝမ်းကိုက်တာ နဲ့ လေထိုးလေအောင့်တာတွေကို သက်သာစေနိုင်ပါတယ်။

- အသီးပြုတ်ရည်ကို ပိုးကောင်တွေကိုက်ခံရတဲ့နေရာမှာ ဆွတ်ပေးရင်အဆိပ်ပြေစေနိုင်ပါတယ်။

- အဆစ်အမြစ်တွေကိုက်ခဲရင်လည်း သနပ်ခါးလူးပေးရင်သက်သာပါတယ်။

- ဝက်ရူးပြန်ရောဂါအတွက် ဆေးဖော်စပ်ရာမှာလည်း သနပ်ခါးပင်ရဲ့ အရွက်ကို အသုံးပြုကြပါတယ်။

- ငှက်ဖျားရောဂါ၊ အနာကြီးရောဂါတွေအတွက်လည်း သနပ်ခါးပင်ရဲ့ အရွက်ကိုအသုံးပြုကြပါတယ်။

- သနပ်ခါးကအရေပြားမှိုပိုးဝင်တာကိုသက်သာစေနိုင်သလို အရေပြားပြဿနာကိုဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။

မြန်မာ့သနပ်ခါးကို ကြိုက်နှစ်သက်လို့ သုံးစွဲနေပေမယ့် တကယ့်ကို အံ့သြစရာကောင်းတဲ့ ဖော်ပြပါ ကောင်းကျိုးများစွာကို သိရှိပြီးနောက်မှာတော့ ကျေနပ်ကြမယ်လို့ မျှော်လင့်မိပါတယ်။

အားလုံးပဲ ကျန်းမာ ချမ်းသာပြီး သာယာပျော်ရွှင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - HelloHealth 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။