ပရိသတ်တွေရဲ ့ချီးကျူးမှုကို ရရှိခဲ့တဲ့ ဒါရိုက်တာဝိုင်းရိုက်ကူးတဲ့ “ချစ်လှစွာသော အမုန်း” ဇာတ်ကားနဲ ့အကယ်ဒမီတစ်ပြေးနေတဲ့ ဝတ်မှုံရွှေရည်က
အကယ်ဒမီရင်ခုန်သံကို အခုလိုပဲပြောပြသွားပါတယ်။
“အမှန်အတိုင်းပြောရရင် အကယ်ဒမီပေးပွဲနီးလာတိုင်း ရင်တော့ခုန်တယ်။
ရင်ခုန်တယ်ဆိုတာကလဲလေ အကယ်ဒမီကြောင့်ရယ်လို ့တော့မဟုတ်ပါဘူး။
ကစ်သရုပ််ဆောင်စလုပ်ပြီး အကယ်ဒမီပေးပွဲ စတက်ဖြစ်တဲ့နှစ်က စပြီးတော့ အကယ်ဒမီပေးပွဲနီးလာတိုင်း ရင်ခုန်တဲ့ခံစားချက်ပါ။
အနုပညာရှင်တွေအတွက်က အကယ်ဒမီပေးပွဲ ဆိုတာက တကယ့်ပွဲကြီးပဲလေ ။
အဲဒါမို ့အနုပညာရှင်တိုင်းရင်ခုန်တာ မဆန်းပါဘူး” လို ့ပြောခဲ့ပါတယ်။
ဆက်လက်ပြီး” ကိုယ်ရဖို ့အတွက်တော့ အရမ်းကြီးတော့ရင်မခုန်ရဲပါဘူး ။ အကယ်ဒမီဆိုတာ နတ်ကြီးတယ်။ တကယ်တော်တဲ့သူရမှာပါ ။ အနုပညာရှင်တစ်ဦးအနေနဲ ့ကတော့ အကယ်ဒမီလိုချင်လားမေးရင် လိုချင်တယ်လို ့ပဲ အမှန်အတိုင်းဝန်ခံရမှာပဲလေ။ ဒါပေမယ့် ငါရမှ ဖြစ်မယ်ဆိုတဲ့ စိတ်တော့ မရှိဘူး။ ကစ်ကို
အကယ်ဒမီထပ်ရစေချင်တဲ့ အကယ်ဒမီမှန်းပေးကြတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်” လို ့ဝတ်မှုံရွှေရည်ကပြောသွားခဲ့ပါတယ်။
Credit-Oasis
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။