ကော်ဖီ ကို လူတိုင်းမကြိုက်ကြပေမဲ့ ကြိုက်တဲ့သူတွေကတော့ စွဲစွဲမြဲမြဲ သောက်ကြတာတွေ့ရပါတယ်။ တစ်ချို့ကတော့ မကြိုက်ပေမဲ့လည်း စတိုင်တစ်ခုအနေနဲ့ ကော်ဖီဆိုင်ထိုင်တတ်ကြပါတယ်။ ဘာလိုပဲသောက် သောက် ကော်ဖီဟာ လူတွေအတွက် ကျန်မားရေးအနေနဲ့ ကြည့်မယ်ဆိုရင် ကောင်းကျိုးဆိုးကျိုးတွေ ရရှိစေမှာပါ။ ဒါကြောင့် ကော်ဖီသောက်ခြင်းက စွဲလမ်းမှုကိုဖြစ်စေပါတယ်။ 

ကော်ဖီသောက်နေတဲ့ သူတွေဟာ တစ်ရက်မှာ ကော်ဖီတစ်ခွက်လောက်မသောက်လိုက်ရရင် နေထိုင်မကောင်း ဖြစ်ပြီးတစ်ခုခု လိုနေသလိုခံစားဖူးပါလိမ့်မယ် ။ပြီးတော့ လူအများလက်ခံထားကြတာက ကော်ဖီလေးသောက် လိုက်မှ အလုပ်လုပ်ရတာအဆင်ပြေတယ် စိတ်ကိုလန်းဆန်းစေတယ်။ အလုပ်ပြီးတယ်။ ကော်ဖီ ဆိုပေမဲ့ကော်ဖီမှာထည့် သောက်ရတဲ့ သကြားတို့ mate တို့ကို ထည့်သောက်မှ အရသာပိုကောင်းတယ်လေ။ အဲဒီအရာတွေကကော ကျန်မားရေးအတွက် ကြည့်လိုက်ရင် လုံးဝမကောင်းပါဘူး။ ဒါကြောင့် ခုပဲ ကော်ဖီဖြတ်ရအောင်။နောက်တစ်ဖက်မှာတော့ ကော်ဖီဖြတ်လိုက်ရင် ဘယ်လိုအကျိုးထူးတွေ ခံစားရမလဲ ဆိုတာ ကြည့်လိုက်ရအောင်။ 

ကော်ဖီအစား ရေနွေးကြမ်း၊ တို့ ဖျော်ရည်တို့ကို သောက်ပေးပါ။ စစချင် မှာခက်ခဲပေမဲ့ နောက်တော့ အကျင့်ပါ သွားပါလိမ့်မယ်။ကော်ဖီဖြတ်လိုက်ရင် ရင်တုန်ခြင်းတွေ အိပ်မပျော်ခြင်းတွေကို ကင်းဝေးစေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ ကော်ဖီဟာ စစချင်သောက်တဲ့အခါ လန်းဆန်းတယ်ထင်ရပေမဲ့ နောက်တော့ ထုံထုံထိုင်း ထိုင်းဖြစ်စေပါတယ်။ ဒါကြောင့် ကော်ဖီမသောက်လို့ရှိရင် အကြောတင်းတာတို့ လေးလံထိုင်းမှိုင်းခြင်းတွေ မဖြစ် စေပဲ နဂိုအတိုင်း လန်းဆန်းကာ ကျန်းမာရေးအနေနဲ့လည်း ကောင်းမွန်စေမှာပဲဖြစ်ပါတယ်။

Source: Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။