ပြည်သူပရိသတ်တွေရဲ့ ရင်ထဲကအကယ်ဒမီမင်းသားဖြစ်တဲ့ မြင့်မြတ်ကတော့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသလို ချစ်စရာကောင်းတဲ့ သားဦးလေးကြောင့်လည်း နေ့ရက်တိုင်းကို ပျော်ရွှင်လှပစွာ ဖြတ်သန်းနေတာ တွေ့ရပါတယ်..။

ဇာတ်ကားရိုက်ကူးရေးတွေနဲ့ ခရီးတွေ ဆက်တိုက်ထွက်ရှိနေတဲ့ ဖေဖေမြင့်မြတ်တစ်ယောက်ကတော့ ခရီးက ပြန်လာတိုင်းမှာလည်း ချစ်ရတဲ့သားလေးရဲ့ အပြုံးလေးတွေကြောင့် ဘဝအမောလေးတွေ ပြေခဲ့ရတယ်လို့ ဆိုပါတယ်..။

အခုတစ်ခါမှာလည်း အနုပညာအလုပ်တွေနဲ့ မအားလပ်လောက်အောင် ဖြစ်နေတဲ့ မြင့်မြတ်ကတော့ “အလွမ်းပြေလေး..” ဆိုပြီး အမူအရာအမျိုးမျိုး စတိုင်လ်အပြည့်နဲ့ ရှိုးထုတ်နေတဲ့ ချစ်စရာကောင်းတဲ့ သားလေးရဲ့ ဓာတ်ပုံလေးတွေကို မျှဝေထားပါသေးတယ်..။

အဲ့ဒီပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း ဖေဖေဂျင်းကောင်ကို ချစ်ခင်အားပေးကြသလို Baby ဂျင်းကောင်လေးဖြစ်တဲ့ သားသားလေးကိုလည်း ဝိုင်းပြီး အားပေးချစ်ခင်နေကြတဲ့ အကြောင်းလေးတွေကိုလည်း Comment လေးတွေမှာ ရေးသားပြောထားကြတာ တွေ့ရပါတယ်..။

အသည်းကျော်သားလေးနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့မြင့်မြတ်တို့မိသားစုလေးကတော့ ပြီးခဲ့တဲ့ ရက်ကလည်း အိမ်အသစ်လေးကို ပြောင်းရွှေ့ခဲ့ကြပြီး ချစ်ခင်ရင်းနှီးကြတဲ့ အနုပညာရှင်တစ်ချို့လည်း အလည်သွားရောက်ခဲ့ကြပါသေးတယ်..။

သရုပ်ဆောင်မြင့်မြတ်ကတော့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာကတည်းက သူ့ရဲ့ပီပြင်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားသလို အခုတစ်ခါမှာလည်း မုန်းသူမရှိ ပရိသတ်တွေရင်ထဲနက်နက်ရှိုင်းရှိုင်း အားပေးချစ်ရတဲ့ အကယ်ဒမီမင်းသားတစ်ဦးဆိုလည်း မမှားပါဘူး..။

Photo - မြင့်မြတ်၊ Wai Min Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။