ပရိသတ်တွေချစ်ခင်ခဲ့ရတဲ့ အနပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသွေးကတော့ ကွယ်လွန်သွားခဲ့ပြီး အကိုဖြစ်သူနေတိုးက မင်းသွေးအတွက် ရည်စူးပြီး ကောင်းမှုကုသိုလ်တွေ ပြုလုပ်ခဲ့ပါတယ်။ဝေဠုကျော်ဖောင်ဒေးရှင်းကလဲ ညီလေးမင်းသွေးအတွက် ရည်စူးပြီး လှိုင်သာယာ ၊ စက်မှုဇုံကျူးတဲသို့ အဝတ်အထည်များ ၊ဖိနပ်အသစ်များ နှင့် မုန့်များ လှူဒါန်းခဲ့ပါတယ်။ 

ဝေဠုကျော်ကတော့ " အမျှ အမျှ အမျှ ယူပါ မင်းသွေးရေ ယနေ့ ဝေဠုကျော်ဖောင်ဒေးရှင်း နှင့် တချိန်က လက်တွဲကာ လူမှုကယ်ဆယ်ရေးတွေ မှာ ကူညီထောက်ပံ့ပေးခဲ့ဖူးသည့် ကွယ်လွန်သူ သရုပ်ဆောင် မင်းသွေး အား ရည်စူး၍ လှိုင်သာယာ ၊ စက်မှုဇုံ ကျူးတဲများသို့ အဝတ်အထည်များ ၊ဖိနပ်အသစ်များ နှင့် မုန့်များအထုပ် ၂၀ ကို သွားရောက် မျှဝေ ကူညီပံ့ပိုးပေးခဲ့ပါသည် " ဆိုပြီးပြောထားခဲ့ပါတယ်။ 

" ယနေ့ ပြုခဲ့သည့် ကောင်းမှုနှင့် အရင်ပြုပြုခဲ့သမျှ ကောင်းမှုကုသိုလ်တို့အား ကွယ်လွန်သွားခဲ့သော သရုပ်ဆောင် မင်းသွေးအား အမျှပေးဝေပါသည်။သာဓုအနုမောဒနာ ခေါ်ဆိုနိူင်ပြီး ကောင်းမွန်မြင့်မြတ်ရာ ဘုံဘဝသို့ ရောက်နိူင်ပါစေ။နောင်ဘဝတွေမှာ လူ့ဘဝကိုရခဲ့ရင်လဲ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်ကောင်း တစ်ယောက်ဖြစ်ပြီး အသက်ရှည်ကာ ချစ်သောသူနဲ့ အသက်ထက်ဆုးံ ပေါင်းသင်းအတူနေနိူင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် " ဆိုပြီးပြောထားပါတယ်။  

SOURCE: Wai Lu Kyaw Foundation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။