ပရိသတ်အချစ်တော် မင်းသားချော အဆိုတော်သရုပ်ဆောင်မင်းသွေးရဲ့ ကွယ်လွန်မှုကတော့ ပရိသတ်တွေအားလုံးအတွက် တကယ့်ကိုထင်မှတ်မထားဘဲ ဖြစ်သွားခဲ့တာကြောင့် တော်တော်လေးကို ယူကျုံးမရဝမ်းနည်းခဲ့ကြရတာအမှန်ပါပဲ။မင်းသွေးဟာ အောက်တိုဘာ(၃)ရက်နေ့ညက စင်္ကာပူခရီးစဉ်ကပြန်ရောက်ရောက်ခြင်း သူငယ်ချင်းတွေနဲ့ အပျော်ဘောလုံးကစားခဲ့ရာမှ ကွင်းအတွင်း နှလုံးရပ်သေဆုံးသွားခဲ့တာပဲ ဖြစ်ပါတယ်။အဆိုဂီတဘက်မှာရော သရုပ်ဆောင်ပိုင်းမှာထူးချွန်မင်းသွေးလိုအနုပညာရှင်တစ်ယောက်ကို လောကကြီးအစောကြီးထွက်ခွာခွင့်ပြုလိုက်ရတာ တကယ့်ကိုကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ခုပဲ ဖြစ်ပါတယ်နော်။  

မင်းသွေးကတော့ အခုလိုအဖြစ်ဆိုးမျိုးနဲ့ ပရိသတ်တွေကို ရုတ်တရက်မနှုတ်ဆက်မှီ အချိန်မှာ ကားအက်စီးဒင့်တစ်ခု ဖြစ်ပွားခဲ့ဖူးတယ်လို့သိရပါတယ်။မင်းသွေးကတော့ လွန်ခဲ့တဲ့လပိုင်းက ဇာတ်ကားရိုက်ကူးရင်း အခုလို ကားအက်စီးဒင့်ဖြစ်ပွားခဲ့တာဖြစ်ပြီး ကားအက်စီးဒင့်ဖြစ်ပွားခဲ့တာတောင် ဒဏ်ရာတစ်စုံတစ်ရာမရခဲ့ပေမယ့် ဘယ်သူမှထင်မှတ်မထားတဲ့ အခုလိုဘောလုံးကွင်းထဲ ရုတ်တရပ်နှလုံးရပ်ကွယ်လွန်သွားခဲ့တာကြောင့် တော်တော်လေးကို ရင်ထဲစို့နစ်စိတ်မကောင်းဖြစ်ရမှာအမှန်ပါပဲနော်။ဒီအကြောင်းအရာလေးကိုတော့ သရုပ်ဆောင်ခင်လှိုင်ရဲ့ သားဖြစ်သူ မင်းသားနေရဲရဲ့ လူမှုကွန်ယက်အကောင့်ကနေ ဝမ်းနည်းခြင်းများစွာနဲ့ တင်ခဲ့တာပဲ ဖြစ်ပါတယ်။  

သူရဲ့လူမှုကွန်ယက်မှာတော့ " နိုင်ငံကြီးသား ရိုက်တုန်းက ကိုမင်းမော်ကွန်းရယ် ကိုမင်းသွေးရယ် ကျွန်တော်ရယ် ကားတိုက်တဲ့ဇာတ်ဝင်ခန်း ရိုက်နေတဲ့အချိန်မှာ တကယ့်အပြင်က မောင်းလာတဲ့ကားကငေးပြီးဝင်တိုက်တာခံခဲ့ရဘူးတယ် အရှိန်တော်တော်များတယ် အတိုက်ခံရတဲ့အချိန်မှာ ကားပေါ်မှာသုံးယောက်လုံးရှိတယ် ကိုကျော်ရော ကျွန်တော်ရော ခါးပတ် ပတ်ထားပေမယ့် မင်းသွေးကအနောက်မှာထိုင်တော့မပတ်ထားမိဘူး သူ့ကိုဖြစ်ဖြစ်ချင်းစိတ်ပူမိတယ် သူကတော့အေးဆေး ကိုယ့်ကိုတောင်ပြန်ပြီးစိတ်ပူနေတာ စောက်ရမ်းချစ်ဖို့ကောင်းတဲ့ကိုကြီး ငါအိပ်မရတော့ဘူးကွာ"ဆိုတဲ့စာလေးနဲ့အတူ ဝမ်းနည်းခြင်းစိတ်မကောင်းခြင်းများစွာနဲ့ တင်ခဲ့တာပဲ ဖြစ်ပါတယ်။ဝမ်းနည်းခြင်းတွေနဲ့ တကယ့်ကိုစိတ်မကောင်းစရာကောင်းတဲ့ အမှတ်တရတွေပေးခဲ့တဲ့မင်းသွေးအတွက် လုပ်ဖောင်ကိုင်ဖက်ညီကိုတွေနဲ့ အတူပရိသတ်တွေက ကောင်းရာသုဂတိလားပါစေလို့ဆုတောင်းပေးကြပါအုန်းပရိသတ်ကြီးရေ။  

သတင်းအရင်းအမြစ် - နေရဲ  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။