သရုပ်ဆောင် မင်းသွေးဟာ ပြီးခဲ့တဲ့ အောက်တိုဘာ(၃)ရက်နေ့ ည(၁၁)နာရီ မိနစ်(၂၀)အချိန်မှာ ဆုံးပါးသွားခဲ့တာမို့ ယနေ့ အောက်တိုဘာ(၇)ရက်လေးကတော့ သူ့ရဲ့ နောက်ဆုံး ဈာပနနေ့ရက်လေးပဲ ဖြစ်ပါတယ်..။

မင်းသွေးရဲ့ ရုပ်အလောင်းကိုတော့ ဒီကနေ့ အောက်တိုဘာ(၇)ရက်နေ့ နံနက်(၆)နာရီ(၃၀) မိနစ်အချိန်က ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရေဝေးသုဿန်မှာ မီးသဂြိုလ်ခဲ့ပြီး အရိုးပြာကိုတော့ အုတ်ဂူသွင်းခဲ့တာ တွေ့ရပါတယ်..။ပရိသတ်တွေအားလုံးရော မိသားစုဝင်လုပ်ဖော်ကိုင်ဖက် အနုပညာရှင်တွေကိုပါ နှုတ်မဆက်ပဲ ရုတ်တရက်လောကကြီးကနေ အပြီးပိုင်ထွက်ခွာသွားခဲ့တာကြောင့်အားလုံးယူကျုံးမရဖြစ်ကာ စိတ်မကောင်းဖြစ်နေကြသူတွေများစွာ တွေ့ရပါတယ်။  

မင်းသွေးကတော့ အနုပညာအလုပ်တွေထက် ဂီတဘက်ကို ပိုမိုစိတ်ဝင်စားသူတစ်ယောက်ဖြစ်ပြီး တကိုယ်တော်"ထိုးစစ်"အခွေအတွက်ပြင်ဆင်နေခဲ့သူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ မကွယ်လွန်ခင်အထိတေးသီချင်းများစွာကို အသံသွင်းသီဆိုနေခဲ့ပြီး ပရိသတ်တွေအတွက် သူ့ရဲ့တေးသီချင်းများကို သီဆိုပြသလေ့ရှိသူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ မင်းသွေးကတော့ ကွယ်လွန်သွားချိန်မှာ သူကိုတိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားများနှင့်အတူ သူ့ရဲ့ တကိုယ်တော်အခွေကတော့ ထင်ကျန်နေခဲ့တာတွေ့ရပါတယ်။  

အဆိုပါ မင်းသွေးရဲ့ "ထိုးစစ်" အခွေကတော့ အွန်လိုင်းပေါ်ကတစ်ဆင့် ပရိသတ်အချို့ရဲ့ ရင်ထဲမှာ နေရာယူနိုင်ခဲ့ပြီဖြစ်ပြီး လက်ရှိ ပရိသတ်များစွာလည်း နားဆင်လျှက်ရှိတာတွေ့ရပါတယ်။ မင်းသွေးချစ်ပရိသတ်တွေနားဆင်နိုင်ဖို့ အဆိုတော် သရုပ်ဆောင်မင်းသွေးရဲ့ "ထိုးစစ်" အခွေမှ တေးသီချင်းအချို့ကို မျှဝေပေးလိုက်ပါတယ်။ ပရိသတ်တွေရင်ထဲမှာ မင်းသွေးရဲ့ အနုပညာတွေကတော့ ထင်ကျန်စေမှာအမှန်ပဲဖြစ်မယ်ထင်ပါတယ်။

Photos - Min Thway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။