အဆိုတော် သရုပ်ဆောင် စန္ဒီမြင့်လွင်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိထားသလို သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ဖြတ်သန်းနေသူမို့ ပရိသတ်တွေ အားကျချစ်ခင်ကြတဲ့ နာမည်ကျော် အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်..။

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ သူမကတော့ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့လည်း ပထမဆုံးအကြိမ်အဖြစ် ကြော်ငြာလေးတစ်ခု ရိုက်ကူးထားတာ တွေ့ရပါတယ်..။

ခင်ပွန်းသည်နဲ့အတူ Wellman wellwonman အတွက် မိသားစုကြော်ငြာလေး ရိုက်ကူးပေးခဲ့တာပဲ ဖြစ်ပါတယ်..။

သားသားမီးမီးလေးတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုပုံရိပ်လေးတွေကို အဓိကပုံဖော်ရိုက်ကူးထားတာမို့ ပရိသတ်တွေကလည်း သဘောကြနေသလို လိုက်ဖက်ညီတဲ့ သူမတို့ဇနီးမောင်နံှစုံတွဲလေးရဲ့ အနာဂတ်လေးကို ပုံဖော်ထားသလိုပါပဲနော်..။

ခင်ပွန်းသည်နဲ့အတူ ပထမဆုံးကြော်ငြာရိုက်ကူးနေရင်း ရိုက်ကွင်းပေါ်က ချစ်စရာကောင်းတဲ့ မိသားစုုပုံရိပ်လေးတွေကိုလည်း အမှတ်တရအဖြစ် ပရိသတ်တွေကိုလည်း ဒီဒီးက ပြန်လည်မျှဝေထားပါသေးတယ်..။

"Wellman wellwonman အတွက် မိသားစုကြော်ငြာလေး ရိုက်ဖြစ်တယ်.. ပထမဆုံးတူတူရိုက်ဖြစ်တဲ့ မိသားစုကြော်ငြာလေးမို့အမှတ်တရတင်လိုက်ပီနော်.." ဆိုပြီး ရေးသားမျှဝေထားတာပဲ ဖြစ်ပါတယ်..။

Photo - စန္ဒီမြင့်လွင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။