လူတွေမှာ လည်း စိတ်ထားအမျိုးမျိုးရှိတတ်ကြပါတယ် ။ စိတ်ထားအမျိုးမျိုးရှိတဲ့ အထဲမှာ ပွဲလန့်တုန်း ဖျာခင်းတတ်တဲ့ လူတွေကတော့အဆိုးဆုံးပါဘဲ ။အခုတစ်ခေါက်မှာလည်း စူးရှထက်တစ်ယောက် သူမနာမည် ကို အသုံးပြုပြီး အခွင့်အရေးယူတိုက်ခိုက်နေတဲ့ လူမှုကွန်ယက်စာမျက်နှာ ကြောင့် အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။ အဆိုပါ လူမှုကွန်ယက် စာမျက်နှာအတု အကြောင်း ကို စူးရှထက် တစ်ယောက် ပရိသတ်တွေသိအောင် သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ အကြိမ်ကြိမ် ပြောကြားပြီး သူမ ကို အထင်လွဲအမြင်လွဲတာတွေ ဖြစ်အောင်လုပ်နေကြောင်း ကို လည်း ထပ်ခါတလဲလဲ ရှင်းလင်းထားပါတယ်။

တရားရင်ဆိုင်ပြီးနောက်ပိုင်း မှာ အခုလို အကောင့်အတုတွေ ပေါ်ပေါက်လာတာဖြစ်ပြီး စူးရှထက်က တော့ အခုတစ်ခေါက်မှာတော့" စောက်ရမ်းတွေ တရားလွန်နေပြီ ဘယ်သူသုံးနေတာလဲဆိုတာ သိလို့ကတော့ သရေဖျက်မှုနဲ့ အာမခံမရအောင်လုပ်ပြမယ် ကြည့်လိုက်" လို့ ရေးသားပြီးတုန့်ပြန်လိုက်ပါတယ် ။ အကောင့်အတုတွေဟာ စူးရှထက်ရဲ့ ယခင်က ဓါတ်ပုံတွေ ၊ ကြော်ငြာရိုက်ကွင်းတွေကို ကြမ်းတမ်းတဲ့ စာသားတွေ ရေးပြီး ပြန်တင်တာ ၊ စူးရှထက် အပျော်တင်တဲ့ ဗီဒီယိုအတိုလေးတွေကို လူနားမခံသာတဲ့ အရေးအသားတွေ နဲ့ အသရေဖျက်တာတွေကို ပြုလုပ်နေကြတာပါ ။

စူးရှထက်တစ်ယောက် အခုအချိန်မှာ ရယ်နိုင်ပြုံးနိုင်လာနေပေမယ့် သူမပုံတွေကို တင်ပြီး တိုက်ခိုက်နေတဲ့ Page တွေပေါ်ကပုံတွေကြောင့် စိတ်အနှေင့်အယှက်ဖြစ်နေရဆဲဖြစ်တယ်လို့သိရပါတယ်။ မကြာသေးခင်က အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ရေချိုးတဲ့ ရုပ်ပုံတွေကိုဖြန့်ဝေခဲ့တာလည်း ဒီ Page တွေကဘဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရေ နည်းပညာတွေ တိုးတက်လာတဲ့ ဒီခေတ်ကြီးမှာ လူတစ်ယောက်ကို သိက္ခာကျအောင် လုပ်ဖို့လွယ်ကူတယ်လို့သင်ထင်ပါသလား....... မှတ်ချက်မှာ ပြောပြပေးသွားကြပါနော်။

Source - Zar Chi 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။