ယနေ့လေးကတော့ နာမည်ကျော်အဆိုတော် သရုပ်ဆောင် နေမင်းအောင် (ခ) မင်းသွေး ကွယ်လွန်သွားခဲ့တဲ့ (၇)ရက်ပြည့်တဲ့ နေ့ရက်လေးပဲ ဖြစ်ပါတယ်..။

ပြီးခဲ့တဲ့ အောက်တိုဘာ(၃)ရက်နေ့က ဆုံးပါးကွယ်လွန်သွားတဲ့ မင်းသွေးရဲ့ရက်လည်ဆွမ်းကျွေး တရားတော်နာပွဲကိုတော့ ယနေ့ အောက်တိုဘာ(၉)ရက်နေ့ မနက်ပိုင်းက သာကေမြို့နယ်၊ မြခွာညို ဝါဝါ၀င်းအိမ်ယာရှိ နေအိမ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်..။

ရည်စူးကုသိုလ်အဖြစ် ရက်လည်ဆွမ်းသွတ်တရားတော်နာပွဲကို ယနေ့မနက်ပိုင်းအချိန်လောက်က နေအိမ်မှာ သံဃာတော်(၉)ပါးအား အာရုံဆွမ်းကပ် လှူဒါန်းတရားနာ ပြုလုပ်ပေးခဲ့ကြပြီး ဧည့်ပရိသတ်တွေနဲ့ အနုပညာရှင်များလည်း လာရောက်ခဲ့ကြတာ တွေ့ရပါတယ်..။

ကွယ်လွန်သွားတဲ့ သားအတွက် ရည်စူးကုသိုလ်လေးတွေ ပြုလုပ်ပေးနေရှာတဲ့ မရီးတို့ဇနီးမောင်နှံနဲ့ နေတိုးတို့မိသားစုလေးရဲ့ ပုံရိပ်လေးတွေကတော့ တကယ်ကို စိတ်မကောင်းစရာမို့ ပရိသတ်တွေကလည်း ဝမ်းနည်းနေကြပါတယ်..။

မင်းသွေးကတော့ ပြီးခဲ့တဲ့အောက်တိုဘာ(၃)ရက်နေ့က ဘောလုံးကန်ရင်း အမောဖောက်ကာ ည(၁၁)နာရီ (၂၀)မိနစ်အချိန်မှာ ရုတ်တရုတ်ဆုံးပါးသွားတာဖြစ်ပြီး သူ့ရဲ့ဈာပနအခမ်းအနားကိုတော့ အောက်တိုဘာ (၇) ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ရေဝေးသုဿာန်မှာမီးသဂြိုဟ်ကာ အရိုးပြာတွေကိုတော့ ဂူသွင်းခဲ့ပါတယ်..။

သရုပ်ဆောင်မင်းသွေး အခုလိုရုတ်တရက်ကွယ်လွန်သွားတဲ့ အတွက် မိသားစုတွေအပြင် အနုပညာရှင်မိတ်ဆွေသူငယ်ချင်းများနဲ့ ပရိသတ်တွေတော်တော်များများကလည်း ယူကြုံးမရဝမ်းနည်းနေကြသလို ယနေ့အချိန်ထိ မယုံနိုင်လောက်အောင် ဖြစ်နေကြပါသေးတယ်..။

Photo – Credit

Photo - Zayar Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။