ပရိသတ်တွေကို အမြဲတမ်းရယ်မောပျော်ရွှင်မှုပေးတဲ့ ပရိသတ်အချစ်တော် တက္ကသိုလ် ဂွမ်းပုံ နဲ့ ဟာသ သရုပ်ဆောင် ခင်လှိုင်တို့ ဟာ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်ဝရရှိ ထားတဲ့ ဟာသသရုပ်ဆောင် မြန်မာနိုင်ငံရဲ့ နာမည်ကြီး ဇာတ်ပို့သရုပ်ဆောင်တွေဘဲ ဖြစ်ပါ တယ် ။

သူတို့နှစ်ယောက်ဟာ ဝါသနာပါရာ အနုပညာအလုပ်နဲ့ ပရိသတ်တွေကို ပျော်ရွှင်ရယ် မောစေ တဲ့သူတွေဖြစ်ပြီး ကုသိုလ်ရေးမှာလည်း လက်မနှေးတတ်သူ တွေပါ ။

အနုပညာအလုပ်တွေ အတူတူလုပ်ကိုင်ရင်း အနုပညာမောင်နှမတွေက နေ တစ်ကယ်ကို ချစ်ခင်ရင်းနှီးတဲ့ မောင်ရင်းနှမရင်းတွေလို ရိုက်ကွင်းနောက်ကွယ်မှာလည်း ခင်မင်ကြ တဲ့သူတွေဖြစ်ပါတယ် ။

ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ အတူတူ တွဲဖက်ရိုက်ကူးဖူးတဲ့အပြင် သူတို့ရဲ့ ဟာသ သရုပ်ဆောင် ပီပြင်မှုတွေနဲ့ ပရိသတ်ကိုရယ်မောပျော်ရွှင်စေတဲ့သူတွေဖြစ်လို့ ပရိသတ် အချစ်တွေကို သိမ်းကြုံးယူထားတဲ့သူတွေလည်း ဖြစ်ပါတယ် ။

" ဤအရာကို အချစ်ဟုခေါ်သည် " ရုပ်ရှင်ကားကြီးမှာ ပရိသတ်တွေရဲ့ အကယ်ဒမီ ခန့်မှန်း မှုကို ရရှိခဲ့ပေမယ့် တက္ကသိုလ်ဂွမ်းပုံကသာ အကယ်ဒမီရရှိခဲ့ပြီး ခင်လှိုင် ကတော့ အကယ်ဒမီဆုနဲ့ လွဲချော်ခဲ့ရပါတယ် ။

အခုလတ်တလောမှာလည်း " ဂျလေပီ " ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ ပြန်လည်ဆုံတွေ့ကြပြန် ပြီဖြစ်ပါ တယ် ။

ဒီဇာတ်ကားကို ရိုက်ကူးနေတဲ့ သူမတို့နှစ်ယောက်ကတော့ ရိုက်ကွင်းရဲ့နောက်ကွယ်မှာ လည်း ဟာသ သရုပ်ဆောင်တွေ ပီပီ အမြဲ ဟာသတွေလုပ်ပြီး ရယ်မောပျော်ရွှင် နေတတ် ကြတာ ဖြစ်ပါတယ် ။

တက္ကသိုလ်ဂွမ်းပုံက သူမ ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ရိုက်ကွင်းပုံရိပ်အချို့ကို တင်ခဲ့ပြီး သူမနဲ့မောင်နှမရင်းချာလိုဖြစ်နေတဲ့ ခင်လှိုင်နဲ့ပုံကိုတော့ " ချစ်လဲချစ်တယ်. .သတ်လဲသတ်တယ် .ဟားဟား. " ဆိုတဲ့စာသားနဲ့အတူ ရုပ်ပြောင်ပုံရိပ်လေးတွေကို ပရိသတ်ကို မျှဝေပေးခဲ့တာဖြစ်ပါတယ် ။

Source : Tekktho Goon Pone

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။