မြန်မာ့နိုင်ငံရဲ့ အဓိကပဲ့ကိုင်ရှင်တစ်ဦးဖြစ်တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကတော့ မကြာသေးမီက ဂျပန်နိုင်ငံကို ရောက်ရှိနေကြောင်းသိရပါတယ်။ အဆိုပါ ဂျပန်နိုင်ငံရဲ့အဓိကမြို့ကြီးဖြစ်တဲ့ တိုကျိုမြို့ရှိ မြန်မာပိုးချည်ဒီဇိုင်းပြခန်းကို မနေ့က အောက်တိုဘာ ၈ရက်နေ့မှာ ကိုယ်တိုင်သွားရောက်လေ့လာခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ မြန်မာ့ပိုးချည်ဒီဇိုင်းပြခန်းကတော့ မြန်မာပြည်ဖွားဂျပန်နိုင်ငံသား ဖက်ရှင်ဒီဇိုင်နာ ရှီဘူရဇာနည်ရဲ့ ဖက်ရှင်ဒီဇိုင်းပြခန်းတစ်ခုဖြစ်ကြောင်းသိရပါတယ်။ ၎င်းပြခန်းမှာ ဒီဇိုင်နာ ရှီဘူရဇာနည်ရဲ့ မြန်မာပြည်ကထွက်တဲ့ပိုးချည်တွေနဲ့ ပြုလုပ်ဖန်တီးထားတဲ့ဒီဇိုင်းဝတ်စုံတွေကိုလည်း ခင်းကျင်းပြသထားပါတယ်။ ရှီဘူရဇာနည်က ၈ နှစ်သားအရွယ်ကတည်းက ဂျပန်နိုင်ငံကို မိသားစုနဲ့အတူ နိုင်ငံရေးခိုလှုံခွင့်နဲ့ သွားရောက်နေထိုင်ခဲ့သူတစ်ယောက်လည်း ဖြစ်တာတွေ့ရပါတယ်။  

နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ဟာ ၁၀ ကြိမ် မြောက် မဲခေါင်- ဂျပန် ထိပ်သီး အစည်းအဝေးပွဲကို တက်ရောက်ဖို့ ဂျပန်နိုင်ငံ တိုကျို မြို့တော်ကို ရောက်ရှိနေတာ ဖြစ်ကြောင်း သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဖက်ရှင်နှင့်ပတ်သက်ပြီး ဝါသနာပါသူတစ်ယောက်ဖြစ်ပြီး ဖက်ရှင် အကြောင်း ဆောင်းပါးကို ရေးသားထားသူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ မနေ့က တိုကျိုမြန်မာ့ပိုးချည်ဒီဇိုင်းပြခန်းကို သွားရောက်ခဲ့တဲ့ အမေစုရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

pHOTOS - bbC B

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။