မကြာခဏဖြစ်ပေါ်တက်တဲ့ ပြည်တွင်းမှုခင်းသတင်းတွေကတော့ ပရိသတ်တွေကြားမှာရေပန်းစားလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ အမှုအခင်းတွေထဲမှာ သေနတ်ပစ်ခတ်မှုနှင့် ဓါးထိုးလူသတ်မှုတွေကတော့ ယခုနှစ်အတွင်း အဖြစ်အများဆုံးဖြစ်နေပြီး ဆိုးရွားတဲ့ဖြစ်စဉ်တွေအဖြစ် ရန်ကုန် - မန္တလေးမြို့နှစ်မြို့ကို အထူးကြပ်မက်လျှက်ရှိတာတွေ့ရပါတယ်။  

လက်ရှိရန်ကုန်တိုင်းဒေသကြီးတွင် မှုခင်းဖြစ်ပွားမှုပိုမိုများပြားလာတာကြောင့် နေ့ညမပျက် လုံခြုံရေးတွေ ပိုမိုတင်းကျပ်ချထားလျှက်ရှိကြောင်းသိရပါတယ်။ အဆိုပါ လုံခြုံရေးတိုးမြှင့်နှင့်ပတ်သက်ပြီး "ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ခရိုင်၊ မြို့နယ်အလိုက် လှည့်ကင်း များဆောင်ရွက်ခြင်း၊ ယာဉ်စစ်ပိတ်ဆို့ဆောင်ရွက်ခြင်းများကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က အင်အားပြည့် ဆောင်ရွက်လျက်ရှိပြီး ရဲတပ်ဖွဲ့နှင့်နယ်မြေခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်သည့် ရပ်ရွာနေ ပြည်သူအခြေပြုရဲလုပ်ငန်းစနစ် Community Based Policing ကိုလည်း မြို့နယ်များအလိုက်ဆောင်ရွက်လျက်ရှိကြောင်း" ကို ရန်ကုန်ရဲ့တပ်ဖွဲ့က ရေးသားဖော်ပြထားတာတွေ့ရပါတယ်။  

ယင်းကဲ့သို့ ဆောင်ရွက်နေမှုများကို ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲအကူတပ်ဖွဲ့ခွဲမှူးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးများကလိုက်လံ စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာနယ်မြေအတွင်း လုံခြုံရေးကျိုးပေါက်မှုမရှိစေရေးနှင့် တရားဥပဒေစိုးမိုးရေး၊ မှုခင်းကြိုတင်ကာကွယ်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များမှ ယာဉ်စစ်ပိတ်ဆို့ စစ်ဆေး ဆောင်ရွက်မှုများနှင့် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေမှုများကို မြို့နယ်ရဲတပ်ဖွဲ့မှူးများက အနီးကပ်ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။ အဆိုပါ ပြုလုပ်မှုကြောင့် မှုခင်းလျော့နည်းလာစေနိုင်ပြီး ပြည်သူများ လုံခြုံစိတ်ချရမှုကို ပိုမိုရရှိစေမှာအမှန်ပဲဖြစ်ပါတယ်။

Photos - Yangon Police

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။