ပြည်တွင်းဖြစ်လေ့ဖြစ်ထရှားပါးတဲ့ဖြစ်စဉ်တစ်ခုကတော့ မနေ့က အောက်တိုဘာလ ၁၁ ရက်နေ့မှာဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။ အဆိုပါ ဖြစ်စဉ်ကတော့ ဧရာဝတီတိုင်း ဖျာပုံခရိုင် ဘိုကလေးမြို့နယ်တွင် အမျိုးတစ်ဦးမိချောင်းကိုက်ခံရတဲ့ ဖြစ်စဉ်ပဲဖြစ်ပါတယ်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၁ ရက် ည (၉)နာရီခန့်က အမျိုးသားတဦချောင်းအတွင်း ရေဆင်းချိုးနေစဉ် မိကျောင်းကိုက်ခံရ၍ ခြေပြတ်ဒဏ်ရာရရှိသွားကြောင်း သိရပါတယ်။ 

ဘိုကလေးမြို့ ဆတ်ကျွန်းကျေးရွာအုပ်စု ရွှေပြည်အေး(ဝဲချောင်းကျေးရွာ)နေ ကိုထွန်းဝင်း(၃၉)နှစ်မှာ လဝိုင်းကျွန်း အလယ်စုကျေးရွာတပ်ဘေလေးမြစ်ဘေး၌ ဇနီးဖြစ်သူနှင့်အတူ ဘုံဝင်းပိုက်ချနေစဉ် မိချောင်းတကောင်ဝင်ကိုက်၍ ဝဲဘက်ခြေထောက် ဒူးမှပြတ်ထွက်သွားခဲ့ကြောင်း သိရပါတယ်။ “ဘိုကလေးမြို့နယ် မြေပုံညွန်း ၄၂၃၇၇၅ ချောင်းထဲမှာ သူက ဘုံဝင်းပိုက်ပိတ်ပြီး ချောင်းထဲရေဆင်းချိုးတဲ့အချိန်မှာ မိချောင်းကိုက်တာ ခြေထောက်တဖက် ဒူးအထက်ကနေပါသွားတာ”ဟု ဘိုကလေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက ပြောပြခဲ့ပါတယ်။ 

ရရှိသည့်ဒဏ်ရာမှာ ပြင်းထန်သည့်အတွက် ကိုထွန်းဝင်းအား ဘိုကလေးမြို့နယ်ဆေးရုံမှ ဖျာပုံ ကုတင် ၂၀၀ ဆေးရုံသို့ နံနက် ၁း၃၀ အချိန်တွင် လွှဲပြောင်းခဲ့ရပြီး လူနာအခြေအနေ စိုးရိမ်ရကြောင်း ၎င်းကဆက်လက် ပြောပြခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၌ ဘိုကလေးမြို့နယ်သည် ပင်လယ်ကမ်းခြေနှင့်နီးစပ်ခြင်း၊ ရေချိုရေငန်စပ်မြစ်ချောင်းများပေါများခြင်း၊ ဒီရေတောနှင့် နူံးလတာပြင်များပေါများခြင်းကြောင့် မိချောင်းများ ကျက်စားရှင်သန်နေသည့်ဒေသဖြစ်ကြောင်း သိရပါတယ်။ ဆတ်ကျွန်းကျေးရွာအုပ်စုမှာ မိန်းမလှကျွန်းအနီးတဝိုက်က ကျေးရွာပေါင်း ၃၀ နီးပါး လူဦးရေ ၁၀၀၀၀ ကျော်နေထိုင်ကာ အရင်ကလည်း လူ ၄ ဦး မိချောင်းဆွဲခံခဲ့ရဖူးပြီး သေဆုံးသူမရှိခဲ့ပေမယ့်လည်း တဦးကတော့ ခါးကိုအဆွဲခံခဲ့ရဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Photos - dvb and New Watch

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။