တစ်သားမွေး တစ်သွေးလှနေဆဲ မေမေတွေ

အနုပညာလောကရဲ့ ထိပ်တန်းအကျော်အမော်တွေဖြစ်သလို အိမ်ထောင်ရှင် မိခင်တွေလည်းဖြစ်ကြတဲ့ မင်းသမီးတွေထဲကမှ ယနေ့ချိန်အထိ လှဆဲ နုငယ်ဆဲ ပျိုမျစ်ဆဲ မင်းသမီးလေးသုံးလက်ကို ဖော်ပြပေးပါရစေ……

၁။ အူဝဲ

ပထမဆုံး မင်းသမီးလေးကတော့ ပရိသတ်က ချစ်စနိုးနဲ့ အူဝဲလို့ ခေါ်တဲ့ ပြည်သူချစ်မင်းသမီးဖြစ်သူ အကယ်ဒမီ အိန္ဒြာကျော်ဇင်ပဲ ဖြစ်ပါတယ်။ အနုပညာလောကကို မော်ဒယ်ဘဝကနေစတင်ဝင်ရောက်ခဲ့ပြီး မော်ဒယ်ဘဝမှာပဲ ထိပ်တန်း မော်ဒယ်တစ်ယောက်အဖြစ် ရပ်တည်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သရုပ်ဆောင်ဖက်သို့ ခြေစုံပစ်ဝင်ခဲ့ပြီး ပီပြင်အံကျတဲ့ သရုပ်ဆောင်ချက်တွေကြောင့် အကယ်ဒမီ မင်းသမီးတစ်လက်ဖြစ်လာပါတယ်။ နာမည်ကြီး မင်းသား ထပ်ဆင့်အကယ်ဒမီ ပြေတီဦးနဲ့ လက်ထပ်ခဲ့ပြီး ကလေးနှစ်ယောက် မိခင်ဖြစ်နေတဲ့ အူဝဲကတော့ ယခုချိန်ထိ လှဆဲပဆဲ ဖက်ရှင်ဘုရင်မအဖြစ် ရပ်တည်ဆဲပဲဆိုတာကိုတော့ ပရိသတ်ကြီး အားလုံးသိကြမှာပါ……

၂။ ချစ်သက်

ဒုတိယမင်းသမီးလေးကတော့ ပရိသတ်တွေ ချစ်စနိုးနဲ့ ချစ်သက်လို့ ခေါ်ကြတဲ့ ဖြူစင်တဲ့ အပြုံးပိုင်ရှင်လေး အကယ်ဒမီ သက်မွန်မြင့်ပဲဖြစ်ပါတယ်။ မြင့်မားတဲ့ အရပ်ကြီးကြောင့် မော်ဒယ်လောကမှာကတည်းက ပရိသတ်က သတိပြုမိခဲ့ကြပြီး သရုပ်ဆောင်လောကသို့ ဝင်ရောက်လာတဲ့အခါမှာတော့ အားလုံးက လက်ခံအားပေးပြီး ပရိသတ်ချစ်တဲ့ သက်မွန်မြင့်ဖြစ်လို့ လာခဲ့ပါတော့တယ်။ အနုပညာဝါ နုနယ်ပေမယ့် သူမရဲ့ သရုပ်ဆောင်ပီပြင်မှု ဇာတ်ကောင်အံဝင်ခွင်ကျစီးမြောမှုတွေကြောင့် "အာဒံရယ် ဧဝရယ် ဒသရယ်" ဇာတ်ကားနဲ့အတူ အကယ်ဒမီ သက်မွန်မြင့်ရယ်လို့ ဖြစ်လို့လာခဲ့ပါတယ်။ ယခုလက်ရှိအချိန်မှာတော့ ချစ်ရတဲ့ ခင်ပွန်းရယ် သားလေးတစ်ယောက် သမီးလေးတစ်ယောက်နဲ့အတူ ကလေးအသုံးဆောင် ပစ္စည်းဆိုင်လေးဖွင့်ထားပြီး သာယာတဲ့ဘဝလေး တစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ သမီးလေးမွေးထားခါစမို့ အနည်းငယ်ဝသယောင်ဖြစ်နေပေမယ့် ဝတာလေးမ ချစ်တာပါဆိုတဲ့ ပရိသတ်တွေကလည်း မနည်းပဲလေ……

၃။ ထရီဇာ

အနုပညာလောကသို့ အဆိုတော် တစ်ယောက်အဖြစ် စတင်ဝင်ရောက်လာခဲ့သူလေးကတော့ ပညာပါရမီမှာလည်း မခေတဲ့ ကိုယ့်ကိုကို Treza လို့ ပြောလေ့ရှိတဲ့ ပြည်သူချစ် အနုပညာရှင် ချစ်သုဝေပဲဖြစ်ပါတယ်။ "အဖြူရောင်လေးပါကွယ်" ဆိုတဲ့ သီချင်းလေးနဲ့အတူ ပရိသတ်က ချစ်သုဝေဆိုတာကို လက်ခံအားပေးခဲ့ကြပြီး သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံစံလေးတွေ သူမရဲ့ နောက်ပိုင်းထွက်ရှိလာတဲ့ နာမည်ကြီး သီချင်းတွေကြောင့် ပရိသတ်တွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ နာမည်ကြီး တေးရေးတေးဆို လင်းလင်းနဲ့ အိမ်ထောင်ပြုခဲ့ပြီး သူမတို့ရဲ့

အိမ်ထောင်ရေး ဟာ ပရိသတ်တွေကြား ချီးကျူးစရာတစ်ခု ဖြစ်စေခဲ့ပါတယ်။ သိပ်ချစ်ကြတဲ့ သူတို့ဇနီးမောင်နှံကို ပရိသတ်တွေအားကျတာကတော့ မဆန်းပါဘူး။ မကြာမီကမှ သမီးအမြွှာလေးနှစ်ယောက် မွေးထားတဲ့ မေမေချစ်သုဝေကတော့ တကယ့်ကို တစ်သားမွေး တစ်သွေးလှဆိုသလို ပိုလို့ လှနေပါယော ပရိသတ်ကြီးရေ…

လက်ရှိမှာတော့ မေမေအူဝဲက အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင် နေတာတွေ့ရပါတယ်။ မေမေ ချစ်သက်ကတော့ ကလေးငယ်သေးတာရယ် နည်းနည်းဝနေတာရယ်ကြောင့် ဝိတ်ချပြီးမှ ဇာတ်ကားတွေပြန်ရိုက်ပါတော့မယ် တဲ့ ပရိသတ်ကြီးရေ… ချစ်ရတဲ့ မေမေဆရာဝန်မလေးကတော့ ပွဲတစ်ခုမှာ သွေးနုသားနုနဲ့ သီချင်းဆိုနေတာတွေ့လို့ ပရိသတ်တွေ စိတ်ပူနေကြလေရဲ့…………

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။