ပရိသတ်ကြီးရေ စံထိပ်ထားဦးလို့ အမည်ပေးထားတဲ့ ထိပ်ထိပ်လေးကတော့ မင်းသမီးချော ခိုင်သင်းကြည်ရဲ့ တစ်ဦးတည်းသော သမီးရတနာလေး ဖြစ်ပါတယ်။ ငယ်စဉ်ကလေးဘဝထဲက ကြော်ငြာလေးတွေ ရိုက်ကူးခဲ့ရတဲ့ ထိပ်ထိပ်လေးက အခုဆိုရင် အပျိုပေါက်လေး အရွယ်ကိုရောက်ရှိနေပြီး ဆယ်ကျော်သက်တက်သစ်စ အနုပညာရှင်ဖြစ်နေပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ထိပ်ထိပ်လေးက Cosmetic ကြော်ငြာလေးတွေ လက်ခံရိုက်ကူးနေရပါတယ်။

အမေချော သမီးချောလေးတွေဖြစ်ကြတဲ့ မခိုင်လေးတို့ သားအမိလေးက အခုတော့ ငပလီကမ်းခြေလေးကို ရောက်ရှိနေပြီး အပန်းဖြေအနားယူနေကြတာ တွေ့ရပါတယ်။ အောက်တိုဘာ ၁၂ ရက်နေ့မနက်မှာ ရန်ကုန်လေဆိပ်ကနေ စတင်ထွက်ခွာခဲ့တဲ့ သူတို့မိသားစုလေးက အခုတော့ ငပလီမှာပဲ ပိတ်ရက်ကို ကုန်ဆုံးကြတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ထိပ်ထိပ်လေးကလည်း ပရိသတ်အချစ်ကို အရယူထားသူဖြစ်သလို အခုလည်း သူမရဲ့Tik Tok ဗီဒီယိုလေးတွေနဲ့ ပရိသတ်ကို မိတ်ဆက်ပေးလိုက်ပြန်ပါတယ်။

လတ်တလောမှာ ခေတ်စားနေတဲ့ Tik Tok ဗီဒီယိုလေးတွေကို ထိပ်ထိပ်လေးက အက၊ဟာသလေးတွေရောပြီး အပျော်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းနေတဲ့ ထိပ်ထားလေးရဲ့ဗီဒီယိုဖိုင်လေးတွေက ပရိသတ်တွေဆီကိုပါ အပျော်တွေကူးစက်စေတဲ့အထိ လူကြည့်များနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အသည်းယားစရာကောင်းတဲ့ ထိပ်ထားလေးရဲ့ အခွီတလိုင်း Tik Tok ဗီဒီယိုလေးတွေကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:San Htae Htar;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။