အချစ်သီချင်းဆွေးဆွေးလေးတွေနဲ့ ပရိသတ်ရင်ကို ထိရှအောင် သီဆိုနိုင်တဲ့ ချစ်စရာကောင်းတဲ့ အဆိုတော်မလေး ပိုပိုနဲ့ ပရိသတ်ကြီး ရင်းနှီးပြီးသားဖြစ်မှာပါနော် ။

၀၀တုတ်တုတ်ချစ်စရာ အဆိုတော်မလေး ပိုပိုကတော့ ခုနောက်ပိုင်းမှာ အရမ်းကိုလန်းလာပြီး အရမ်းကိုလှလာတာ ပရိသတ်ကြီးသိမှာပါ ။

တစ်ခေါင်းလုံး ရွှေအိုရောင်ဆံပင်တွေနဲ့ အမိုက်စားဖက်ရှင်တွေနဲ့ အရမ်းကို မိန်းကလေး ဆန်ဆန်လှပလာတဲ့ သူမ ကတော့ ခုချိန်ထိ အပျိုကြီးဘဝနဲ့အရိုးထုတ်နေတုန်းမလို့ ပရိသတ်တွေက သူမရဲ့အချစ်ရေးကို စိတ်ဝင်စားနေကြပါတယ် ။

သူမလိုချင်တဲ့မိသားစု ဘဝလေးကို ပိုင်ဆိုင်ခွင့်မရခဲ့တဲ့ အတွက် လက်ရှိမှာ သူမ အတွက် အချစ်ရဆုံးသူတွေကတော့ သူမရဲ့ချစ်ပရိသတ်တွေဘဲ ဖြစ်ပါတယ် ။

အဲဒါကြောင့်သူမပရိသတ်တွေ သူမကိုပစ်ထားရင် မျက်ရည်လွယ်တယ်ဆိုတဲ့အကြောင်းကို " ဒီနေ့တော့ ကျမ ပရိတ်သတ်တွေ ကျမကို ဒီ့ထက်မက ပိုချစ်အောင် ဆုတောင်းခဲ့တယ်

ပုသိမ်က ပရိတ်သတ်ကြီး မနက်ဖြန် Royal Lake ကန်သုံးဆင့်မှာ ညနေ ၄ နာရီ ကနေ ၇ နာရီအထိ တွေ့မယ်နော် တစ်ယောက်တည်း ပစ်မထားကြပါနဲ့ မျက်ရည်လွယ်တတ်လို " ဆိုတဲ့စာသားနဲ့အတူ သူမရဲ့ ကုသိုလ်ယူနေတဲ့ပုံရိပ်တွေကို ပရိသတ်တွေကို မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ။

ခုနောက်ပိုင်း သူမဟာ Tik tok လေးတွေ တောက်လျှောက်ရိုက်နေပြီး အရမ်း ကို ချစ်စရာ ကောင်း လွန်းလို့ ပရိသတ်တွေ အသည်းကိုခြွေနေတာပါနော် ။

tik tok လေးတွေ ရိုက်ရင်း ပရိသတ်အချစ်တွေပိုပိုရလာတဲ့ ပိုပိုလေးကတော့ ချစ်ပရိသတ် ကြီးက ပစ်ထားရင် မျက်ရည်လွယ်ပါတယ်တဲ့နော် ။ ချစ်ပရိသတ်ကြီးကလည်း သူမကို ပစ်မထားကြပါနဲ့ဦးနော် ။ ပိုပိုကိုချစ်တဲ့ ပရိသတ်တွေအတွက် သူမရဲ့ ကုသိုလ်ယူနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ် ။

Source : ဝတ်ရည်မိုး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။