ချောင်းဆိုး/နှာချေလိုက်တဲ့အခါ ပါးစပ်နဲ့နှာခေါင်းထဲက ထွက်လာတဲ့အချွဲမှုန်၊ အချွဲစက်တွေဟာ အနီးအနားက လေထုထဲကို ပျံ့နှံ့ရောက်ရှိသွားပါတယ်။ နှာတစ်ခါချေရင် အချွဲစက်ပေါင်း လေးသောင်းလောက်အထိ လွင့်ထွက်လာနိုင်ပါတယ်။ အဲ့ဒီအချွဲစက် တစ်စက်ချင်းစီမှာပါတဲ့ ရောဂါပိုးမွှားတွေဟာ အခြားသူတစ်ဦးရဲ့ အသက်ရှုလမ်းကြောင်းထဲကို ဝင်ရောက်ပြီး ရောဂါ ကူးစက်တတ်ပါတယ်။
အသက်ရှုလမ်းကြောင်းကနေတစ်ဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကတော့
(၁) တုပ်ကွေးရောဂါ
(၂) တီဘီရောဂါ
(၃) နမိုးနီးယားရောဂါ
(၄) ဝက်သက်ရောဂါ
(၅) ဆားစ်ရောဂါ
(၆) ကြက်ညှာချောင်းဆိုးရောဂါ
(၇) ဆုံဆို့ရောဂါ
(၈) ပါးချိတ်ယောင်ရောဂါ
(၉) ဂျိုက်သိုးရောဂါ
(၁၀) အနာကြီးရောဂါ အစရှိတဲ့ရောဂါတွေ ဖြစ်ပါတယ်။
ကိုယ့်ဆီကနေ တစ်ဆင့် သူတစ်ပါးဆီကို အသက်ရှုလမ်းကြောင်းကတစ်ဆင့် ရောဂါပိုး ကူးမသွားအောင်
နှာချေမယ်၊ ချောင်းဆိုးမယ်ဆိုရင် လက်ကိုင်ပုဝါ (သို့မဟုတ်) တစ်ရှုးနဲ့ ပါးစပ်ကိုအုပ်ပြီး ဆိုးရပါမယ်။ ဒါမှမဟုတ် တံဆောင်ဆစ်ကိုကွေးပြီး မျက်နှာကိုအုပ်ကာ အချွဲမှုန်တွေကို သူတစ်ပါးဆီ မရောက်အောင် ကာကွယ်ရပါမယ်။ လက်ဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာ အလုပ်အများဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်တာကြောင့် လက်ဖဝါးနဲ့ မအုပ်ရပါဘူး။
သူတစ်ပါးဆီကနေ တစ်ဆင့် ကိုယ့်ဆီကို လေထဲကနေ ရောဂါပိုး မကူးအောင်
(၁) ကိုယ်ခံစွမ်းအားစနစ်ကို မြှင့်တင်ပစ်ပါ။
(၂) ခဏခဏလက်ဆေးပါ။
(၃) လူအရမ်းများတဲ့အခါ နှာခေါင်းစည်းတပ်ပါ။
(၄) ကာကွယ်ဆေးထိုးနှံပါ။ (တုပ်ကွေးရောဂါ၊ တီဘီရောဂါ၊ ဝက်သက်ရောဂါ၊ နမိုးနီးယားရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ ဆုံဆို့ရောဂါ၊ ပါးချိတ်ယောင်ရောဂါ၊ ဂျိုက်သိုးရောဂါတွေအတွက် ကာကွယ်ဆေးတွေ ရှိပါတယ်။)
(၅) ပါးစပ်နဲ့နှာခေါင်းကို ကာကွယ်ပါ။
သတင်းအရင်းအမြစ် - ဒေါက်တာ သုခ
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။