ပြည်တွင် အသက် ၁၉ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားလေးတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့

မိခင်ဖြစ်သူ နောက်အိမ် ထောင်ပြုမည့်ကိစ္စနှင့် ပတ်သက် ၍ စကားများခဲ့ပြီးနောက် သားဖြစ်သူ ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ပြည်မြို့မ ရဲစခန်းမှ သတင်းရရှိ သည်။

ကြိုးဆွဲချသေဆုံးသူသည် အသက် (၁၉) နှစ်အရွယ် ပြည် တက္ကသိုလ် ဓာတုဗေဒ ပထမနှစ်ကျောင်းသားဖြစ်ပြီး မတ်လ ၁ ရက် နံနက်က ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ပြည်မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

၎င်းသည် နေအိမ်အပေါ်ထပ်ထုပ်တန်းတွင် ကြိုးဆွဲချသေဆုံးနေသည်ကို အိမ်နီးချင်းအမျိုးသားတစ်ဦးက တွေ့ရှိခဲ့ကြောင်း ပြည်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ကြိုးဆွဲချသေဆုံးတဲ့ ကျောင်းသားလေးရဲ့ ဖခင်ဖြစ်သူက လွန် ခဲ့တဲ့ သုံးလလောက်က သေဆုံး သွားတယ်။ အဲဒီမှာ မိခင်ဖြစ်သူ က နောက်အိမ်ထောင်ပြုမယ့်ကိစ္စ ကို ပြောရင်းက ဖေဖော်ဝါရီ ၂၈ ရက်ညပိုင်းက စကားများကြတယ်လို့ သိရတယ်။ လတ်တလောကတော့ မိခင်နောက်အိမ်ထောင်ပြုမှာကို သဘောမတူလို့ စိုးရိမ်ပြီး သေကြောင်းကြံစည် သွားတာလို့ ကောက်ချက်ချနိုင်တယ်’’ဟု ၎င်းက ဆိုသည်။

ကြိုးဆွဲချ သေဆုံးသူသည် ပြည်မြို့ ပဒေသာရပ်ကွက်တွင် နေ ထိုင်သူဖြစ်ပြီး အင်တာနက် အလွန်အကျွံသုံးစွဲသူဖြစ်ကာ ဖခင်သေဆုံးပြီးနောက် စိတ်ထိခိုက်နေကြောင်း ရဲမှတ်တမ်း၌ ဖော်ပြ ထားသည်။

‘‘သေဆုံးသူ ကျောင်းသား လေးရဲ့ မိခင်က သားသမီးသုံး ယောက်ရှိတယ်။ အသက်ကလည်း(၃၇)နှစ်ပဲရှိသေးတယ်’’ဟု ပဒေသာရပ်ကွက် ရာအိမ်မှူးက ပြော ကြားသည်။

အဆိုပါ ကျောင်းသားကြိုးဆွဲချသေဆုံးမှုနှင့် ပတ်သက်၍ ပြည် မြို့မရဲစခန်းက အမှုဖွင့်ထားပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးလျက် ရှိ ကြောင်း သတင်းရရှိသည်။

Source: 7days

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။