အနုပညာလောကမှာ ထိပ်တန်းကနေ အောင်မြင်မှုတွေရရှိထားတဲ့ နာမည်ကျော်သရုပ်ဆောင် အကယ်ဒမီနေတိုးကတော့ ကွယ်လွန်သူညီလေးမင်းသွေးအတွက် မိသားစုတွေနဲ့အတူ သာသနာ့ဘောင်ကို ဝင်ရောက်ကုသိုလ်ပြုနေတာ တွေ့ရပါတယ်..။

မင်းသွေးအတွက် ရည်စူးပြီး ကုသိုလ်ပြုခဲ့ကြတဲ့ အဲ့ဒီအလှူလေးမှာတော့ နေတိုးနဲ့ သူငယ်ချင်းတွေအပြင် နေတိုးရဲ့အကိုဖြစ်သူကလည်း ပါဝင်ရဟန်းခံခဲ့သလို မိခင်ဖြစ်သူကလည်း ယောဂီဝတ်ခဲ့ပြီး ညီမဖြစ်သူကလည်း သီလရှင်ဝတ်ခဲ့ကြပြီး မိသားစုလိုက်ကုသိုလ်ယူ အလှူလေး ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်..။

မိသားစုအလှူအခမ်းအနားပွဲလေးကိုတော့ ယနေ့အောက်တိုဘာ(၁၅)ရက်နေ့ မနက်ပိုင်းက မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတောရကျောင်းတိုက်မှာ ဥပသမ္ပဒ ကံဆောင် ရဟန်းခံ အလှူတော် မင်္ဂလာပွဲလေးကို မိသားစုလိုက် ပါဝင်ပြုလုပ်ကုသိုလ်ယူခဲ့ကြတာ ဖြစ်ပါတယ်..။

မိသားစုအပြင်သူငယ်ချင်းတွေစုပေါင်းပြီး သာသနာ့ဘောင် ဝင်ရောက်ခဲ့ကြတဲ့ မွန်မြတ်တဲ့သာဓုခေါ်စရာ မိသားစုအလှူပွဲလေးကိုတော့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ အနုပညာရှင်များလည်း တတ်ရောက်ခဲ့ကြပြီး ကောင်းမှုကုသိုလ် အစုစုတို့ကိုလည်း မင်းသွေးအတွက်ရည်စူးပြီး အမျှပေးဝေခဲ့ကြပါသေးတယ်..။

ညီလေးအတွက် ရည်စူးပြီး ကောင်းမှုလေးတွေပြုပေးနေသလို အခုတစ်ခါမှာလည်း အေးချမ်းတဲ့ သာသနာ့ဘောင်မှာ တရားအားထုတ်နေတဲ့ ဦးဇင်းနေတိုးရဲ့ ပုံရိပ်လေးတွေကိုလည်း ကြည်ညိုစွာ မြင်တွေ့ရမှာပါပဲနော်..။

သာသနာ့ဘောင်ကိုတော့ ယနေ့ မနက်ပိုင်းက စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး သိမ်ဆွမ်းလောင်းအလှူပွဲလေးမှာလည်း အနုပညာရှင်တော်တော်များများလည်း တတ်ရောက်ခဲ့ကြတာ တွေ့ရပါတယ်..။

Photo - Minn Thet Saen

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။