ထပ်ဆင့်အကယ်ဒမီအူဝဲတစ်ယောက် ပုဂံကိုကြော်ငြာရိုက်ကူးဖို့ သွားရောက်ခဲ့တာပဲဖြစ်ပါတယ်။ ဆယ်စုနှစ်ကျော်ကြာအောင်မြင်တဲ့ မင်းသမီး တစ်လက်အဖြစ်နဲ့ ရပ်တည်ခဲ့ပြီး အကယ် ဒမီဆုနှစ်ဆုထိပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ ထပ်ဆင့်အကယ်ဒမီ ပြေတီဦးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကိုတည်ဆောက်ထားပြီး ချစ်စဖွယ်သားနဲ့သမီးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။

မိသားစုတွေအတူတူ ခရီးတွေထွက်ကြပြီး အလုပ်တွေအပြင် ချစ်ရတဲ့သားနဲ့သမီးကိုပါ အချိန်တွေပေးတတ်တဲ ဖေဖေနဲ့မေမေပါပဲ။ သူကမ ပုဂံကို Royal KK Bagan Hotel ကြော်ငြာဓါတ်ပုံ ရိုက်ကူးဖို့ရောက်ရှိနေတာပဲဖြစ်ပါတယ်။ အသက်လေးဆယ်ကျော်အမျိုးသမီးလို့ မထင်ရလောက်အောင် ကို သူမရဲ့နုပျိုမှုအစွမ်းကတော့ တကယ့်ကိုအံ့မခန်းပါပဲ။ တစ်သားမွေးတစ်သွေးလှသူမို့ နှစ်သားမွေးပြီး နှစ်ဆတိုးလှနေတာထင်ပါရဲ့။

ပုဂံကိုသွားနေတဲ့သူမရဲ့ပုံရိပ်တွေကို " ကဲ...ပုဂံကိုရောက်ရှိ Royal KK Bagan Hotel ကြော်ငြာဓါတ်ပုံလေးရိုက်ရင်း ပုဂံမြေရဲ့အရသာကိုခံစားလိုက်ပါဦးမယ်ရှင့်.." ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။ ကြော်ငြာလည်းရိုက်ကူးရင်း ပုဂံမြို့ရဲ့အလှအပတွေကိုလည်း ခံစားနိုင်တဲ့ အူဝဲရဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ပုဂံခရီးစဉ်ကတော့ တကယ့်ကိုအလန်းစားပါပဲ။

Photo - Eaindra Kyaw Zin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။