ဇိုင်ဘောင်ယူးလို့အမည်ရတဲ့ အမျိုးသားတစ်ဦးကတော့ သာမန်လူတွေတောင် လုပ်နိုင်ဖို့ခဲယဉ်းတဲ့ အရာတစ်ခုကိုလုပ်ပြခဲ့တယ်လို့သိရပါတယ်။ထိုအမျိုးသားကတော့ ခြေထောက်နှစ်ဖက်မရှိဘဲနဲ့ ဧဝရက်တောင်ထိပ်ကိုတက်ပြခဲ့တာပဲဖြစ်ပါတယ်။ အေးခဲနေတဲ့ နှင်းထုကြီးတွေကြားထဲကနေ ၎င်းတောင်ထိပ်ပေါ်ကိုတက်ရောက်ဖို့ဆိုတာ သာမန်လူတွေအတွက်တောင်ခဲယဉ်းလှတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။

ဇိုင်ဘောင်ယူးဟာ လွန်ခဲ့တဲ့ နစ် ၄၀ လောက်တုန်းက ဧဝရက်တောင်ထိပ်ကိုတက်ရင်း နှင်းကိုက်တဲ့ ဝေဒနာကြောင့် ခြေထောက်နှစ်ဖက်လုံးကို ဒူးဆစ်ထိဖြတ်ခဲ့ရသူတစ်ဦးပဲဖြစ်ပါတယ်။ သို့ပေမယ့် ဇိုင်ဘောင်ဇူးဟာ သူရဲ့အိမ်မက်တစ်ခုဖြစ်တဲ့ ဧဝရက်တောင်ထိပ်ကို တက်ရောက်လိုတဲ့ ဆန္ဒကိုတော့ စွန့်လွှတ်ခဲ့ခြင်း မရှိပါဘူး။ သူဟာ ခြေထောက်နှစ်ဖက်မရှိပေမယ့်လည်း ဧဝရက်တောင်ထိပ်ကိုတက်ရောက်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပြီး ၂၀၁၆ ခုနှစ်တုန်းကဆိုရင်တော့ တောင်ထိပ်နဲ့ အတော်နီးစပ်တဲ့ နေရာထိတက်ရောက်နိုင်ခဲ့တယ်လို့သိရပါတယ်။

သို့ပေမယ့် ဇိုင်ဘောင်ဇူးဟာ နီပေါ အာဏာပိုင်တွေရဲ့ မသန်စွမ်းသူတွေကို တောင်တက်ခွင့်ပိတ်တဲ့ ကန့်သတ်မှုကြောင့် အိမ်မက်တွေ အဆုံးသတ်ရလုနီးပါးဖြစ်ခဲ့ပေမယ့် သူရဲ့မလျော့သောဇွဲလုံလနဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ၂၀၁၈ မတ်လ ၁၄ ရက်နေ့မှာတော့ ဧဝရက်တောင်ထိပ်ကို တက်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။အခုဆိုရင်တော့ ဇိုင်ဘောင်ဇူးဟာ ခြေထောက်နှစ်ဖက်မရှိလဲ ဧဝရက်တောင်ထိပ်ပေါ်ကို ဒုတိယမြောက် တက်ရောက်နိုင်ခဲ့သူဖြစ်လာခဲ့ပြီပဲဖြစ်ပါတယ်။ ထို့အတူပဲ ပရိတ်သတ်တွေအနေနဲ့ မိမိလျှောက်လမ်းချင်တဲ့ ပန်းတိုင်တစ်ခုကို မလျော့သောဇွဲလုံလနဲ့သာ ကြိုးစားအားထုတ်ရင် ရောက်နိုင်တယ်ဆိုတဲ့အချက်ကို သိရှိစေလိုတဲ့အတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Ref Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။