ခါကြက်ဥလို့ ခေါ်ဆိုကြပြီး carrot (မုန်လာဥနီ) ကတော့ လူတွေရဲ့ကျန်းမာရေးအတွက်အလွန်ပဲအသုံးဝင် လှပါတယ်။ မုန်လာဥနီကို ဒီအတိုင်းစားရင်လည်း ရသလိုဖျော်ရည်အဖြစ်လည်း သောက်ကြပါသေးတယ်။ သူကို ဘယ်လိုပဲစားစား သေချာဆေးကြောပြီးမှ စားပေးတာကောင်းပါတယ်။ ဆေးဝါးတွေနဲ့ ထိတွေ့တာမို့ သေချာ မစားခင် ဆားနဲ့အရင်စိမ်ထားပြီးမှာ ပြန်ဆေးကြောကာ စားပေးမှ စိတ်ချရမှာဖြစ်ပါတယ်။ ဘယ်အသီးရွက်မဆို ဒီလိုလေးလုပ်ပြီးစားပေးရင် စိတ်ချရပါတယ်ရှင့်။ 

မုန်လာဥနီမှာ ကာဘိုဟိုက်ဒရိတ်၊ ဆယ်လူလို့စ်၊ ကယ်လ်ဆီယံ၊ သံဓာတ်၊ ဗီတာမင်အေ၊ ဘီ၊ စီ၊ စတဲ့ များစွား သောဓာတ်ပေါင်းစုတွေ ပါဝင်ပါတယ်။ အဓိက အူမကြီးကင်ဆာဖြစ်နိုင်ချေကို ပိုလျော့နည်းစေပါတယ်။ဝမ်းချုပ် သူတွေအတွက် တော့တစ်ကယ်ကို အားကိုရတဲ့ သီးနံှတစ်မျိုးပါ။ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေလို့ ဝမ်းမှန် စေပြီး အသားရည်ကြယ်လင်စေပါတယ်။မုန်လာဥနီကို ပုံမှန်စားပေးရင် သွေးတွင်းမှာရှိတဲပ မကောင်းတဲ့ ကိုလက်စထရောတွေကို လျောချပေးပြီး အသွေးအသားရောင်တွေ ဝင်းပစိုပြည်စေမှာဖြစ်ပါတယ်။ 

ပြီးတော့ မုန်လာဥနီကို စားပေးခြင်းဖြင့် နှလုံးသွေးကြောကျဉ်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ သွေးတိုး၊သွေးအား နည်း ခြင်းစတဲ့ ဝေဒနာတွေကို ပျေက်ကင်းစေမှာဖြစ်ပါတယ်။ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ ရောဂါတွေကို လည်းကင်းဝေးစေပြီး အရွယ်တင်နုပျိုစေပါတယ်။ ကျန်းမာရေးကောင်းပြီး အိုမင်းခြင်းကို ကာကွယ်ပေးမဲ့ မုန် လာဥနီကို နေ့တိုင်းစားပေးဖို့ မမေ့နဲ့နော်။

Source: Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။