ပြည်တွင်းမှာ အဖြစ်နည်းတဲ့ ဖြစ်ရပ်တွေထဲမှာ လေယာဉ်ပျက်ကျမှုကတော့တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ ဒီကနေ့ အောက်တိုဘာလ ၁၆ရက်နေ့အစောဆုံးအချိန်မှာပဲ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ဆားပွက်ချောင်းအတွင်း တိုက်လေယာဉ်တစ်စီး ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်မောင်းသူတွေနဲ့အတူ အခြားဒေသခံအချို့လည်း ထိခိုက်မှုတွေရှိခဲ့ကြောင်း သိရပါတယ်။ 

အဆိုပါ ဖြစ်စဉ်ကတော့ ဒီကနေ့ အောက်တိုဘာ ၁၆ရက်နေ့ နံနက် ၈ နာရီလောက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ စက္ကတဲဘုရား အနောက်ဘက်အနီး ဆားပွက်ချောင်းအတွင်းပျက်ကျခဲ့တာဖြစ်ကြောင်း သိရပါတယ်။ လေယာဉ်ပျက်ကျမှုကြောင့် ယာဉ်မောင်းသူတစ်ယောက်သေဆုံးခဲ့ရပြီး မြေပြင်ရှိ ကလေးငယ်တစ်ဦးလည်း ထိခိုက်မှုပြင်းထန်ခဲ့ကြောင်း ကနဦးသတင်းများအရသိရပါတယ်။  

အဆိုပါ လေယာဉ်ပျက်ကျမှုဖြစ်စဉ်အနီးတွင် လေထီးဖြင့် ယာဉ်မောင်းသူတစ်ဦးသေဆုံးနေပြီး ပျက်ကျမှုကြောင့် နေအိမ်အတွင်း စာလုပ်နေသည့်ကလေးငယ်တစ်ဦး ထိခိုက်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိ ကလေးငယ်ရဲ့ အခြေနေကို သိရှိရခြင်းမရှိသေးဘဲ ဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရပါတယ်။ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ ထိခိုက်ခဲ့ရတဲ့ သနားစရာ ကလေးငယ်တစ်ဦးရဲ့ နေအိမ်ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

Photos - Sithu thant

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။