ဒီကနေ့ အောက်တိုဘာလ ၁၆ရက်နေ့အစောဆုံးအချိန်မှာပဲ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ဆားပွက်ချောင်းအတွင်း တိုက်လေယာဉ်တစ်စီး ပျက်ကျမှုကိုတော့ အားလုံးလည်း ကြားသိကြမယ်ထင်ပါတယ်။ အဆိုပါ လေယာဉ်ပျက်ကျမှုကတော့ တစ်စီးတည်းမဟုပ်ပဲ နှစ်စီးဖြစ်ကြောင်းကို ရှာဖွေမှုတွေအရသိရှိရပါတယ်။ လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူတွေနဲ့အတူ အခြားဒေသခံအချို့လည်း ထိခိုက်မှုတွေရှိခဲ့ကြောင်း သိရပါတယ်။ 

ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး "တစ်စီးကစကတ္တိန်းဘုရားနာ တစ်စီးကမင်းဘူးအကျော် သနပ်ပင်ရွာ မှာတစ်စီး ရာသီဥတုက မြူစိုင်းခဲ့တာကြောင့် MPT တာဝါတိုင်နှင့် ထိခိုက်ခဲ့ပြီး ပျက်ကျခဲ့တာပဲဖြစ်ပါတယ်။ ဘုရားနားပျက်ကျတဲ့အစီးကတော့ အဲဒီလေယာဉ်အစမှန်ပြီးကလေးမလေးတစ်ဦး ဆေးရုံတင်ခဲ့ရပြီး လက်ရှိဆေးရုံမှာ သေဆုံးသွားခဲ့ကြောင်း" သတင်းရရှိပါတယ်။    

ပျတ်ကျလေယာဉ်နှစ်စီးကတော့ တရုတ်နိုင်ငံမှ အရစ်ကျစနစ်ဖြင့် ဝယ်ယူထားတဲ့ F7 လေယာဉ်တွေဖြစ်ကြောင်း သိရပါတယ်။ လေယာဉ်စုစုပေါင်း ရှစ်စီး မောင်းနှင်ခဲ့ပြီး အဆိုပါ လေယာဉ်နှစ်စီးကတော့ ရာသီဥတုအခြေအနေဆိုးတစ်ခုကြောင့် ဖြစ်ရပ်ဆိုးတစ်ခုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ ကြောက်စရာသေဆုံးမှုကြီးတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဒီကနေ့ လေယာဉ်ပျက်ကြမှုပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - U Kyaw Soe Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။