Gym သွားရင် မိတ်ကပ်လိမ်းထားတာ မျက်နှာအသားအရေအတွက်မကောင်းပါဘူး။

ဒီအချက်က Gym သွားနေတဲ့ မိန်းကလေးများနှင့် မိတ်ကပ် အသုံးပြုရတဲ့ သူမျာအဖို့ သိထားသင့်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဘယ်သွားသွား လှနေဖို့ကလည်း တစ်စိတ်တစ်ပိုင်း အရေးကြီးပေမယ့် မိတ်ကပ်နဲ့ ကိုယ်လက် လှုပ်ရှားမှု လုပ်တဲ့အခါ အချိန်ကြာလာတဲ့နဲ့အမျှ အသားအရေတွေကို ပျက်စီးစေတဲ့အပြင် ဘယ်လို အချက်တွေကို ဖြစ်စေနိုင်လဲဆိုတာကို သတိထားသင့်ပါတယ်။ ဒါ့ကြောင့် အခုဖော်ပြမယ့် အကြောင်းအရာလေးကိုတော့ ပျိုမေတိုင်း မမေ့သင့်ဘူးနော်။ 

မိတ်ကပ်လိမ်းပြီး Gym သွားတဲ့အခါ နောက်ဆက်တွဲ ဆိုးကျိုးများ အနေဖြင့် -

(၁) ချွေးပေါက်တွေပိတ်စေတယ်

ချွေးထွက်ခြင်းက အရေပြားကို အအေးဓာတ်ပေးတဲ့ သဘာဝနည်းလမ်းဖြစ်တာကြောင့် မိတ်ကပ်လိမ်းထားရင် ချွေးပေါက်တွေပိတ်စေပြီး ချွေးလည်းအကုန်အစင်မထွက်နိုင်ဘဲ ဘက်တီးရီးယားတွေခိုအောင်းစေနိုင်ပါတယ်။ ထို့နောက်မှာတော့ ဆားဝက်ခြံဖြစ်ခြင်း၊ အရေပြားနီမြန်းခြင်းဖြစ်စေပြီး ဝက်ခြံပိုထွက်စေနိုင်ပါတယ်။

(၂) ဝက်ခြံတွေရှိတဲ့သူဆို ပိုဆိုးစေနိုင်ပါတယ်

အများစုသုံးတဲ့ စက်ပစ္စည်း ကိရိယာများက ဘက်တီးရီးယား ပေါက်ဖွားလွယ်တဲ့နေရာတွေဖြစ်ပါတယ်။ မျက်နှာမှာ မိတ်ကပ်တွေရှိနေရင် ဘက်တီးရီးယားကပ်တွယ်နေဖို့ ပိုခိုင်မာစေတာကြောင့် ဝက်ခြံရှိသူတွေ အတွက် ပိုဆိုးစေပါတယ်။

(၃) ချွေးထွက်နည်းတတ်သူဆိုရင် အသားအရေပိုခြောက်သွေ့စေတယ်

မိတ်ကပ်လိမ်းထားတယ်ဆိုရင် အရေပြားမှာ ချွေးငုပ်သွားစေနိုင်ပါတယ်။ အဲ့လိုချွေးမထွက်တဲ့အခါ ချွေးမှာပါတဲ့ အက်စစ်ဓာတ် pHပမာဏ ကြောင့် အသားအရေမှာ နီမြန်းရောင်ရမ်းခြင်း၊ တင်းနေခြင်းတို့ဖြစ်စေတတ်ပါတယ်။

(၄) ချွေးပေါက်ပိုကျယ်လာစေတယ်

ချွေးပေါက်တွေပိတ်နေတဲ့အခါ ပိတ်ဆို့မှုနဲ့ကွက်တိကျအောင် အရေပြား ချွေးပေါက်က ပိုချဲ့လာပြီး ကြာလာရင် ချွေးပေါက်တွေ ကျယ်လာစေနိုင်ပါတယ်။

(၅) အရေပြားထဲမှာအဆိပ်အတောက်ဓာတ်တွေနဲ့ အညစ်အကြေးတွေကျန်ရှိစေတယ်

မိတ်ကပ်လိမ်းထားတဲ့အပေါ်ယံအလွှာဟာ အရေပြားကို ခန္ဓာကိုယ်အပူချိန်ထိန်းညှိပေးတဲ့စနစ်ကို အနှောင့်အယှက်ဖြစ်စေပြီး ချွေးပိတ်စေလို့ အဆိပ်အတောက်ဓာတ်တွေနဲ့ တခြားအညစ်အကြေးတွေကို မသန့်စင်ပေးနိုင်တော့ပါဘူး။

(၆) ဒီလိုနဲ့ကြာလာရင် အသားအရောင်ညစ်လာစေတယ်

မိတ်ကပ်အဖွေးသားနဲ့အားကစားလှုပ်ရှားတဲ့အခါ ပိုလှမလာတဲ့အပြင် အသားအရောင်ညစ်ပြီး ပိုရင့်ရော်နိုင်ပါတယ်တဲ့။

ဒါ့ကြောင့် gym ကို သွားတဲ့ အခါမှာ မိတ်ကပ်ဖျက်သွားဖို့နဲ့ အိပ်ဆောင် မိတ်ကပ်ဖျက်ဆေးလေးကို ဆောင်ထားသင့်ကြောင်း ထပ်မံ တိုက်တွန်းလိုက်ပါတယ်။ Gym ကစားလို့ ချွေးထွက်လာတဲ့အခါမှာလည်း

မျက်နှာကို ချွေးသုတ်တဲ့အခါ လက်နဲ့ မသုတ်ကြဘဲ တဘက် အပါးလေးနဲ့သာ သုတ်ကြဖို့ အကြံပေးချင်ပါတယ်။ အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် လှပချောမွေ့သော အသားအရေလေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

Source: Hello Health Group 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။