ပရိသတ်တွေအားကျရလောက်တဲ့ သာယာပျော်ရွှင်စရာ မိသားစုလေးကိုပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တွေကို ပြောရမယ်ဆိုရင်တော့ အသံပါဝါကောင်းကောင်း သီချင်းကောင်းကောင်းလေးတွေနဲ့ ပရိသတ်ရင်ကို လှုပ်ခတ်စေခဲ့တဲ့ အဆိုတော် Rဇာနည်ကလည်း အပါအဝင်ပါပဲ..။

အနုပညာလောကမှာလည်း အောင်မြင်နေသလို ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ဖြစ်တဲ့ ချစ်ဇနီးချောလေးနဲ့အတူ ချစ်စရာကောင်းလွန်းတဲ့ သားလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတဲ့ Rဇာနည်ကိုတော့ ပရိသတ်တွေအားကျကြတာ မဆန်းတော့ပါဘူးနော်..။

ကြည်နူးပျော်ရွှင်စရာ မိသားစုလေးကို ပိုငိဆုင်ဖြတ်သန်းနေကြတဲ့ သူတို့ရဲ့မိသားစုထဲကို နောက်ထပ်မိသားစုဝင် အသစ်လေးတစ်ယောက် မကြာခင်မှာ ထပ်ရောက်လာတော့မှာဖြစ်ပြီး မီးမီးလေးလား သားသားလေးလား ဆိုတာတော့ မသိရသေးပေမယ့် Rဇာနည်တစ်ယောက်ကတော့ အရမ်းတွေရင်တွေခုန်နေပါတယ်တဲ့..။

ဝမ်းသာပျော်ရွှင်စရာကောင်းတဲ့ သူတို့မိသားစုလေးရဲ့ သတင်းကောင်းလေးကိုလည်း Rဇာနည်က ပရိသတ်တွေကိုလည်း ထပ်တူလိုက်ပါပျော်ရွှင်နိုင်ဖို့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေလည်း ပြန်လည်မျှဝေထားပါသေးတယ်..။

“ပရိသတ်ကြီးကို ကျွန်တော်တို့ကြေညာစရာတစ်ခုရှိပါတယ်။ ကျွန်တော်တို့မိသားစုထဲကို မိသားစုဝင်သစ်တစ်ယောက်မကြာခင်ရောက်ရှိလာပါတော့မယ်။ အောက်တို ဘာ ၂၂ ထိမစောင့်နိုင်တော့ရင် ဘာများဖြစ်မလဲ ပြောပြကြည့်ပါဦး..” ဆိုပြီး သူ့ရဲ့ပျော်လေးတွေကို ပရိသတ်တွေကို ပြန်လည်မျှဝေထားတာပါ..။

အဲ့ဒီပို့စ်အောက်မှာလည်း ပရိသတ်တွေနဲ့ ခင်မင်ရင်းနှီးကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေအပြင် အနုပညာရှင်ညီအစ်ကိုမောင်နှမတွေကလည်း ဝမ်းသာစွာနဲ့ ဂုဏ်ပြုစကားလေးတွေ ပြောထားကြတာလည်း တွေ့ရပါတယ်..။

Photo – Rဇာနည်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။