ပရိသတ်ကြီးရေ နာမည်ကျော် ဝါရင့်သရုပ်ဆောင် မင်းသားကြီး လူမင်းကတော့ ငယ်ရွယ်စဉ်ထဲက အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းခဲ့ပြီး အကယ်ဒမီဆုတွေကို တစ်သီကြီး သိမ်းပိုက်ရရှိထားသူ ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းပြီး ဘက်စုံတော်တာကြောင့် အများကပါလေးစားအားကျရတဲ့ လူမင်းက မိသားစုကို ရှေ့ကနေ မားမားမတ်မတ် ဦးဆောင်နိုင်တဲ့ အိမ်ထောင်ရှင်ဦးစီးကောင်း၊ ဖခင်ကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။

လူမင်းက ချစ်ရတဲ့ဇနီးချောလေးကို ပိုင်ဆိုင်ထားတဲ့အပြင် သမီးကြီးလေး ဧရာဝတီလူမင်းနဲ့ သားငယ်လေး ဧဝရတ်လူမင်းဆိုတဲ့ ကလေးနှစ်ယောက်ရဲ့ဖခင်လည်း ဖြစ်ပါတယ်။ လတ်တလောမှာ လူမင်းက ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရပြီး ကလေးတွေက ဖေဖေနဲ့မေမေ မအားလပ်တဲ့အချိန်မှာ အိမ်အလုပ်တွေကို ကူညီလုပ်ပေးလေ့ရှိပါတယ်။ တစ်အိမ်လုံးအတွက် အားကိုးနေရပြီဖြစ်တဲ့ ဧရာဝတီလူမင်းတို့မောင်နှမက ပညာရေးအရဆိုရင်လည်း ထူးချွန်ကြတာ တွေ့ရပါတယ်။

လက်ရှိမှာ သူတို့မောင်နှမက International School Yangon (ISY) မှာ ကျောင်းတက်နေကြတာ ဖြစ်ပါတယ်။ အခုလည်း သမီးလေး ဧရာဝတီက လတ်တလောမှာ ခေတ်စားနေတဲ့ Tik Tok ကို အများနဲ့မတူ တစ်မူထူးခြားစွာ အမိုက်စားပုံစံနဲ့ ဆော့ကစားထားတာ တွေ့ရပါတယ်။ သီချင်းလေးနှစ်ပုဒ်ကိုမှ ပုံစံတစ်မျိုးစီနဲ့ မရိုးရအောင် အလန်းစားပြကွက်တွေကို တစ်ခုချင်းစီ သရုပ်ပြထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် လူမင်းရဲ့သမီးလေး ဧရာဝတီလူမင်းရဲ့ Tik Tok ဗီဒီယိုလေးတွေကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Ayarwady Lu Min;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။