နာမည်ကျော် ဘောလုံးသမား အောင်သူနဲ့ မင်းသမီး ပိုးအိအိခန့်တို့ ချစ်သူမောင်နှံဟာ ပရိသတ်တွေကြား စိတ်ဝင်စားမှုရရှိထားတဲ့ ချစ်သူစုံတွဲ တစ်တွဲဖြစ်ပါတယ်။ နယ်ပယ်မ တူ ပေ မဲ့ အောင်မြင်ကျော်ကြာသူနှစ်ဦးဖြစ်တဲ့အတွက် သူတို့နှစ်ဦးရဲ့ relationship ကတော့ ဝေဖန်တိုက်ခိုက်မှုတွေလည်း ရှိခဲ့ပေမယ့် နားလည်မှုတွေနဲ့ ရှေ့ဆက်နေကြတဲ့ သူတို့ရဲ့ အချစ်ရေးကတော့ တကယ်ကို အားကျစရာပါဘဲ နော် ။

ပိုးအိအိခန့်ကတော့ အဝေးမှာရောက်နေတဲ့ သူမရဲ့ချစ်သူ အောင်သူ နဲ့ပတ်သတ်ပြီး စိတ်မချ တာ မယုံကြည်တာတော့မရှိဘူး အပြည့်ဝယုံကြည်တယ်တဲ့ ။ လတ်တလောမှာတော့ အောင်သူတစ်ယောက် သူ့ချစ်သူ ပိုးအိအိခန့်အကြောင်းရေးသားထားတဲ့ စာသားအတိုလေး ဟာ လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့ပါတယ် ။ အောင်သူရေးသားထားတာကတော့

" သူမ ...........

စိတ်ထားလေး အရမ်းမွန်မြတ်ပါတယ်

တစ်ဖက်သားကိုသနားတတ်ပြီး သူများကို ကူညီချင်စိတ်သူ့မှာ အပြည့်ရှိတယ်

ဘုရားတရားလဲ အမြဲလုပ်သူပါ

လူတစ်ဖက်သားအပေါ် အားနာတတ်တဲ့စိတ် သူ့မှာအမြဲရှိတယ်

ကျွန်တော်တောင် အားမလိုအားမရဖြစ်ရတယ်

အားမနာရမယ့်အရာတွေတောင် သူအားနာတယ်

မရှိသူ ချို့တဲ့သူတွေကိုလည်း ပေးကမ်းချင်စိတ်သူ့မှာရှိတယ် " ဆိုတဲ့စာသားလေးဘဲဖြစ် ပါတယ် ။ ဒီစာသားလေးကတော့ အောင်သူရဲ့ဖုန်းထဲက Note မှာရေးသားထားတဲ့စာဖြစ်ပြီး ပိုးအိအိခန့်က သူမရဲ့ My day မှာ " His though about me " ဆိုတဲ့စာသားနဲ့ရေးသားပြီး တင်ခဲ့တာဖြစ်ပါတယ် ။

ဒီစာသားလေးကို ဖတ်ကြည့်ခြင်းအားဖြင့် ပိုးအိအိခန့်ရဲ့ နူးညံ့ပြီး သူတစ်ပါးအပေါ်ကူညီတတ်တဲ့ ဖြူစင်တဲ့စိတ်ထားလေးကို ပရိသတ်တွေ အတိုင်းသားတွေ့မြင်ရမှာပါ ဖြစ်ပါတယ် ။ အခုလို တစ်ယောက်ကို တစ်ယောက် နားလည်မှု ယုံကြည်မှုတွေနဲ့ ရှေ့ဆက်နေကြတဲ့ သူမတို့ စုံတွဲကတော့ ချစ်သူသက်တမ်း ၈ လကျော်ခဲ့ပြီဘဲ ဖြစ်ပါတယ် ။ ဝေဖန်တိုက်ခိုက်မှု တွေရှိခဲ့ပေမယ့်လည်း လက်တွဲမဖြုတ်ဘဲ အခက်ခဲတွေ အတူတူ ရင်ဆိုင်ဖြတ်ကျော်ခဲ့ကြတဲ့ သူမတို့စုံတွဲကတော့ တကယ်ကို လေးစားအားကျဖို့ကောင်းလွန်းပါတယ်နော် ။

Source : Poe Eiei Khant

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။