" အရိပ် " ဇာတ်လမ်းတွဲနဲ့ ပရိတ်သတ်တွေရဲ့ အသည်း တခြမ်းကိုအရယူနိုင်ခဲ့တဲ့ မော်ဒယ် မင်းသမီးချောလေး မေမြင့်မိုရ် ဟာဆိုရင် ဒီနေ့ မနက် ပုဂုံမြို့မှာရှိတဲ့ Royal KK Bagan Hotel အတွက် ကြော်ငြာရိုက်ကူးပေးနေတာဖြစ်ပါတယ်။ တစ်မူဆန်းတဲ့ မြန်မာဝတ်စုံလေးနဲ့ မမစု တစ်ယောက် အရမ်းကိုကျက်သရေရှိလို့နေပါတယ်။

မမစုနဲ့ အရမ်းကိုလိုက်ဖက်လှတဲ့ ဝတ်စုံလေးကိုတော့ ဒီဇိုင်နာ ကောင်းမြတ် ကဖန်တီးချုပ်လုပ်ပေးထားတာပဲဖြစ်ပါတယ်။ မမစုရဲ့ ချစ်စဖွယ်အပြုံးလေးနဲ့ လှပကြော့ရှင်းတဲ့ဝတ်စုံလေးနဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ မမစုရဲ့ အလှကို ပိုပြီး ထင်ဟပ်လာစေပါတယ်။

အမြဲတမ်း ဘယ်လိုပုံစံလေးပဲဝတ်ဝတ်လှနေတတ်တဲ့ မမစုကို ဒီတခါမှာလဲ တော်ဝင်မင်းသမီးလေးအလား မြင်တွေ့ရမှာဖြစ်ပါတယ်။သူမရဲ့ ကျက်သရေရှိလှတဲ့ ဓာတ်ပုံလေးတွေကို သူမရဲ့ ချစ်ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

Source:May Myint Mo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။