အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုဟာ ဆော်ဒီဘုရင် ဆယ်လ်မန် အဗ္ဗဒူအဇစ် အယ်လ် ဆွဒ်နဲ့ ဆွေးနွေးဖို့ အောက်တိုဘာ ၁၅ ရက်က ဆော်ဒီအာရေဗျနိုင်ငံကို ထွက်ခွာသွားခဲ့တယ်လို့သိရပါတယ်။

အခုလိုထွက်ခွာခဲ့တာကတော့ အမေရိကန်သမ္မတ ဒေါနယ်ထရမ့်က

ဝါရှင်တန်ပို့စ်သတင်းစာရဲ့ ပင်တိုင်ဆောင်းပါးရှင် ဆော်ဒီနိုင်ငံသား၊ အမေရိကန်မှာ နေထိုင်ခွင့်ရထားတဲ့ သတင်းထောက် ဂျမယ်လ် ခါရွှန်းအီ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ပွန်ပီယိုကို ဆော်ဒီအာရေဗျသို့စေလွှတ်မည်ဟု ပြောကြားပီးနောက်မှာထွက်ခွာခဲ့တာပဲဖြစ်ပါတယ်။

ခါရွှန်းအီဟာ လက်ထပ်ခွင့်ဆိုင်ရာ စာရွက်စာတမ်းတွေရဖို့ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်က တူရကီနိုင်ငံထဲက ဆော်ဒီကောင်စစ်ဝန်ရုံးထဲ ဝင်သွားအပြီး ပျောက်ဆုံးခဲ့သွားခဲ့တာပဲဖြစ်ပါတယ်။ 

ဘုရင် ဆယ်လ်မန်ကတော့ ဒီအမှုကို အတွင်းကျကျ စစ်ဆေးဖို့ အမိန့်ချထားသလို တူရကီအရာရှိတွေကတော့ သူဟာ အသတ်ခံရပြီး အလောင်းဖျောက်ခံထားရတာဖြစ်နိုင်တယ်လို့ပြောကြားထားပါတယ်။

ဆော်ဒီအစိုးရကတော့ ခါရွှန်းအီကို သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ငြင်းဆိုထားသလို

ခုလိုစွပ်စွဲချက်တွေဟာ အလိမ်အညာတွေသာဖြစ်တယ်လို့ပြောကြားထားပါတယ်။ ဒါ့အပြင် ခါရွှန်းအီဟာ ဆော်ဒီကောင်စစ်ဝန်ရုံးထဲ ဝင်လာပြီး ခဏအတွင်း ပြန်ထွက်သွားခဲ့တာဖြစ်တယ်လို့လည်းပြောကြားခဲ့ပါတယ်။ 

source -dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။