ဖြူဖြူကျော်သိန်းဆိုတာနဲ့ အသံပါဝါကောင်းကောင်းနဲ့ သီချင်းတွေကို သီဆိုတတ်ပြီး အမိုက်စား ဖက်ရှင်တွေနဲ့ နိုင်ငံကျော်အဆိုတော် မမ ကိုပြေးမြင်မိမှာအသေချာပါဘဲနော် ။ သီချင်း တိုင်း ကို ခံစားချက်အပြည့်နဲ့ သီဆိုတတ်တဲ့သူမရဲ့သီချင်းတိုင်းဟာ အမြဲတမ်း ပရိသတ် ရင်ထဲရောက်ခဲ့ပါတယ် ။ ဒီလို အနုပညာဝမ်းစာ ပြည့်ဝတဲ့နိုင်ငံကျော် အဆိုတော် တစ် ယောက် ဖြစ်တဲ့ဖြူဖြူကျော်သိန်း က အခုဆိုရင် သူမ ရဲ့ ဂီတသက်တမ်း ၁၅ နှစ်တိုင်ခဲ့ပါပြီ ။

အနုပညာဘက်မှာလဲ အောင်မြင်တဲ့အဆိုတော် တစ်ယောက်ဖြစ်သလို ပညာရေးမှာလဲ အောင်မြင်တဲ့ဆရာဝန်မတစ်ယောက်ဆိုတာ ပရိသတ်ကြီးသိပြီး ဖြစ်မှာပါနော် ။ တခြား အနုပညာရှင် တွေထက်ပိုပြီး ဆန်းပြားပြီး ပရိသတ်တွေ အံ့အားသင့်စေမယ့် ဖက်ရှင်တွေကို သာ အမြဲတမ်း ဝတ်ဆင်လေ့ရှိပြီး အရမ်းကို လန်းနေတဲ့အဆိုတော်ကတော့ ဖြူဖြူကျော် သိန်း ပါဘဲ ။ သူမဟာအမြဲတမ်း သူမရဲ့အနုပညာလှုပ်ရှားမှု ပုံရိပ်တွေကို ပရိသတ် တွေ ကိုမျှ ဝေနေကြဖြစ်ပါတယ် ။ ဒီတစ်ခါမှာတေ့ာ သူမရဲ့အမိုက်စားဖက်ရှင် တွေနဲ့အတူ " Gatsby ပွဲမှာဘွီးစိုင်းကိုဝန်းရံဂုဏ်ပြုပါတယ်ပေါ့ " ဆိုတဲ့စာသားနဲ့အတူတူ GATSBY ပွဲမှာ စိုင်းစိုင်း ကို ဝန်းရံဂုဏ်ပြုခဲ့ကြောင်း ရေးသားခဲ့တာဖြစ်ပါတယ် ။

အနုပညာလောကမှာလည်း အောင်မြင်ကျော်ကြားတဲ့သူတစ်ယောက် ဖြစ်သလို ပရိသတ် အတွက် အသိဉာဏ်ပွင့်လင်းစေမယ့် ဗဟုသုတ ရစေမယ့် စကားတွေကိုသာ ပြောတတ်တဲ့ ဖြူဖြူကတော့ ပရိသတ်တွေချစ်မဝဖြစ်နေရတဲ့ ဂီတလောကရဲ့ ကြယ်ပွင့်တစ်ပွင့်ပါဘဲ ။ ပညာတတ်ပီပီ ပရိသတ်ကို အမြဲတမ်း အင်အားဖြစ်စေမယ့် စကားတွေကိုဘဲ ပြောတတ်တဲ့ ဖြူဖြူကို ပရိသတ်ကြီးအားပေးလိုက်ကြပါဦးနော် ။ ချစ်ပရိတ်သတ်ကြီးအတွက်လည်း သူမရဲ့အမိုက်စား ပွဲတက် ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်နေ်ာ ။

Source : Phyu Phyu Kyaw Thein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။